Big warning -
Gore
Psycho abuse
Harm
Swearing wordsI warned you, bcuz this chapter gonna be very dark and creepy :'(, let's pray for HyeRim 😭
အာရုံတချို့နိုးကြားလာတဲ့နဲ့တပြိုင်နက် ပုတ်အဲ့အဲ့သွေးညှီနံတွေကနှုတ်ခေါင်းထဲအလုအယှက်တိုး၀င်လာသည်။ထုံထိုင်းကာ အကြောတွေဆိုင်းနေသလိုခံစားချက်ကတကိုယ်လုံးဖုံးလွမ်းနေပြီး သေလောက်အောင်နာကျင်မှုတွေက နေရာအနှံပေမယ့် ခန္ဓာကိုယ်အစိတ်အပိုင်းတွေတစ်ခုမှလှုပ်ရှား၍မရ။ လေတိုက်တာနဲ့ လွှင့်သွားမဲ့လက်ထိုးရုပ်လိုယိုင်နဲ့နဲ့ဖြစ်နေသည်။
အရင်ကရင်းနှီးနေခဲ့တဲ့မှောင်မဲအေးစက်ကာ နံရံမှာသွေးတွေစွန်းနေသည့်အခန်းတစ်ခုရဲ့ အလယ်မှာသူမကခုံတခုံနဲ့လက်နဲ့ခြေထောက်ကိုတင်းနေအောင်ကြိုးနဲ့တုပ်ခံထားရသည်။
ဖြစ်လာမဲ့သူမအနာဂတ်ကိုမတွေးနိုင်တော့
လွတ်မြောက်ခါနီးမှချောက်နက်ထဲပြန်ပြုတ်ကျသွားရတဲ့ အဖြစ်ကရင်နင့်ဖွယ်ရာအိမ်မက်ဆိုးကြီးပင်။
လောကကြီးဟာ မတရားပါ။
မျက်နှာဖုံးနဲ့လူတွေက လှလှပပရှင်သန်လို့ရပြီး အပြစ်မရှိတဲ့လူတွေက အပိုင်းအစစပြိုကွဲရသည်။ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားတော့လဲ ကံကြမ္မာကမျက်နှာသာမပေးခဲ့။
ဒီအဖြစ်ဆိုးကြီးသာမရှိရင်သူမဟာ သာမန်ကောင်မလေးတစ်ယောက်အဖြစ် ဘ၀ကိုပျော်ပျော်ရွင်ရွင်ဖြတ်သန်းနေရမှာ
ပြီးတော့...ပြီးတော့ ဒီလိုလဲညစ်နွမ်းနေမှာမဟုတ်ဘူး။
လွန်နေတဲ့ အတွေးတွေကြောင့်မျက်ရည်တွေတလိမ့်ချင်းစီးကျလာသည်။ တကိုယ်လုံးကနည်းနည်းလေးမှလှုပ်မရ နာကျင်မှုတွေကိုသေလောက်အောင်ခံစားမိပေမယ့် ငြီးသံတချက်ထွက်ဖို့တောင် ပါးစပ်ကဟမရအောင်ထုံထိုင်းနေသည်။ ထွက်ပြေးတုန်းကအကျ-နဲ့ပင် တကိုယ်လုံးကိုယ်ပိုင်သွေးတွေနဲ့အလိမ်းလိမ်းဖြစ်နေကာ လမ်းမနဲ့ ပွတ်ဆွဲမိထားတဲ့ တခြမ်းက အသားစတွေစုတ်ပြတ်သတ်နေသည်။ လက်ဖျံမှာလဲ ဘာမှန်းမသိတဲ့အရည်ကြည်တွေဖောက်သွင်းထားလျှက်
ထိုအရည်တွေက သူမတကိုယ်လုံးရဲ့ အကျောတွေလှုပ်ရှားမှုကိုရပ်တန့်စေတာဖြစ်မည်။
ဘာတွေဆက်ဖြစ်မလဲတွေးမရ ဟင့်အင်းတွေးမကြည့်ချင်ပါ။
YOU ARE READING
『My Crush Has Two Sides』MYG
Fanfiction"မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." "မျက်နှာနှစ်ဖက်နဲ့လူတွေက သိပ်ကြောက်ဖို့ကောင်းတယ်တဲ့..." Warning :🚨 This story contain abuse,murders, mature contact, toxic relationship, harm, slight gore Pls this is very dark and creepy , s...