Part 4

914 112 2
                                    

Part 4

"ဂျီဂျီကောင်..မနက်ကမင်းအိမ်ဝင်ခေါ်သေးတယ် သွားပီတဲ့ မင်းကျောင်းဘယ်သူနဲ့လာတာလဲ"

"ဂျောင်ကုနဲ့"

"အမယ် မင်းတို့အဆင်ပြေနေတယ်ပေါ့"

"မသိတော့ပါဘူးကွာ.."
လို့ပြောပီးခုံပေါ်ခေါင်းမှောက်နေတဲ့ သူ့သူငယ်ချင်းကြည့်ပီး ခေါင်းသာကုတ်နေရတော့တယ်...

ဟူး....ငါလည်းဘယ်တော့မှ လွတ်လွတ်လပ်လပ်ပျော်ရမယ်မသိဘူး~~~
________________

"အမောင်ဂျီ ကျောင်းရောက်ကတည်းကလဒမှိုင်မှိုင်‌နေတာ ဘာဖြစ်တာလည်း"

"‌ဘာမှ မဖြစ်ပါဘူးကွာ"

"ကျစ်..ဘာမှမဖြစ်ရင်စားစရာရှိတာစား "

တနေကုန်အဲ့လိုဖြစ်နေတဲ့ သူ့ကြောင့်ဘေးကလူကဘယ်လိုနေရမှန်းတောင်မသိတော့ဘူး...ဂျောင်ကုနဲ့တခုခုဖြစ်လာတာလားမသိဘူး...

"‌ယောင်းလေး..."

"ဘာလည်း"

"ငါ..ရည်းစားလေးဘာလေးထားကြည့်ရင်ကောင်းမလားလို့"

"ဘာ..! "

"ဂျောင်ကုကြောင့်လား"
လို့လေသံဖြင့်အံကြိတ်မေးလိုက်တော့ ထင်တဲ့အတိုင်း'အင်း'တဲ့...

"အဲ့တာငါကဘာလုပ်ပေးရမှာလဲ"

"ခုမဟုတ်သေးပါဘူး  စဉ်းစားကြည့်ရုံရှိပါသေးတယ်"

"ပီးရော"

                            -------------

ကျောင်းကဆင်းနေပီ ဆရာကလည်းခုထိသင်လို့ကောင်းတုန်း  အကူးကစောင့်နေပါ့မလားတောင်မသိဘူး..မစောင့်စောင့် ယောင်းငယ်နဲ့ပဲ ဖြစ်ဖြစ် တယောက်ထဲဖြစ်ဖြစ်ပြန်လည်းရတာပဲ..ငါ့များဘာမှတ်နေလဲ ဟင်း...

ဂျီမင်တယောက်စာသင်နေတုန်းဘေးနားကနေ ပွစိပွစိနဲ့ပြောလိုက်နှာခေါင်းရှုံ့လိုက် ပြုံးလိုက်နဲ့ ကြည့်မရတာနဲ့ ခေါင်းတချက်ရိုက်လိုက်တော့မှ..

"‌ကောင်စုတ် ငါ့ဘာလို့လာရိုက်တာလဲ"

"မင်းကရော စာသင်နေတာကို ဘယ်စိတ်ရောက်နေတာလဲ"

"ငါ့ဟာငါ ဘယ်ရောက်ရောက်ပေါ့"

"နောက်မှ စာမသိလိုက်လို့ဆိုပီး ငါ့လာမမေးနဲ့မပြောဘူး"

ဒိုင်ယာရီWhere stories live. Discover now