Part 12

701 105 0
                                    

Part 12

ခဗျားတို့နှင်းဆီအနက်ရဲ့အဓိပ္ပါယ်ကိုသိလား
သူ့အဓိပ္ပါယ်က...
'မင်းကအမြဲငါ့အတွက်ပဲ' နောက်တခုက
'မုန်းတီးခြင်း'တဲ့....

ကျနော်သေချာမသိဘူး.... မုန်းလို့နှင်းဆီကိုထားတာလား မင်းကငါ့အတွက် ဆိုတဲ့အဓိပ္ပါယ်ကြောင့်ထားတာလား မဝေခွဲတတ်ဘူး.....
သေချာတာတခုက သူကျနော့်ကိုမေ့နေလောက်ပီလား....
____________________________

"သူဌေး ဒီနေ့ ရှယ်ယာရှင်တဦးနဲ့ဆွေးနွေးဖို့စီစဥ်ထားပါတယ်"

"အင်း ဘယ်မှာလဲ"

"Monarch မှာပါ အဲ့မှာ ဆိုင်ခန်းတေလည်း ရောင်းနေပီး စျေးကွက်မှာလည်းနာမည်ကြီးနေတဲ့နေရာပါ"

သူ့သူဌေးအကြောင်းသိလို့ အဲ့ဒါတေပါထည့်ပြောရခြင်းပင်... နို့မို့ဆို အလုပ်ကိစ္စဆွေးနွေးတာ ရုံးခန်းထဲမှာမချိန်းဘူး ဘာညာနဲ့ ဆူတတ်တာမို့ပင်...

"ကောင်းပီ အဆင်သင့်ပြင်ထား"

"ဟုတ်ကဲ့ပါသူဌေး 10နာရီလောက်မှ သွားပါမယ်"

သူလည်း အခန်းတံခါးအသာပိတ်ပီး အပြင်ထွက်လာခဲ့တယ် တခါဖြစ်ဖူးကတည်းကမှတ်မိသွားတာက ကိုယ်က အစီအစဥ်တေပြောနေရင် စကားပြန်မလာလို့ ရပ်စောင့်နေတာကို မသွားသေးဘူးလားဆိုပီး အအော်ခံခဲ့ရဖူးတာကိုး

*********
"သားတို့ ဒီနေ့လျှောက်လည်ကြမှာလား"

"ဟုတ်မေမေ့"

"အေးပါ ဂရုစိုက်သွားအုံး ကလေးလိုချင်တာလုပ်ချင်တာ အကုန်လုပ်ခိုင်းကြနော်"

"ဟုတ်ကဲ့ပါ"

ဟိုကလေးကတော့ သူလုပ်ချင်တာလုပ်ရတော့မှာဆိုတော့ မျက်နှာကစပ်ဖြီးဖြီးနဲ့ မနေနိုင်မထိုင်နိုင် ပါးတချက်ဆွဲ ဖြစ်ပစ်လိုက်တယ်..
အဂျီကောင်က ထွက်မလာသေးဘူး အရင်အတိုင်းပဲ အပြင်တခါသွားခါနီး မှန်ရှေ့မှာ ပြင်လို့ဆင်လို့မပီးနိုင်တဲ့ကောင်

"ဂျီဂျီ.!နောက်ကျနေပီသွားမယ် ဆင်းခဲ့တော့..!"

"လာပါပီမင်းကလည်း အကျယ်ကြီးအော်မနေနဲ့ နားညီးတယ်"

"မင်းကအဲ့လိုအော်မှ ထွက်လာမှာလေ"

"ဟီး"

ဒိုင်ယာရီWhere stories live. Discover now