Part 15

692 98 13
                                    

Part 15

"ခီယောင်း..!ရေချိုးမယ်"

"လာပီ.. !"

အော်သံက အရင်လူကိုမမြင်ရသေး

ဟာ အထဲဝင်လာတော့ တွေ့တဲ့ပုံစံက အမလေး ကို့သားမို့ပေပဲ ကြောင်ချီးရုပ်ပေါက်နေပီ..ဘယ်နေရာတေသွားဆော့ထားလို့ ဒီလောက်ညစ်ပတ်နေလဲမသိဘူး

"ကင်ခီယောင်း..ဘယ်တေမှာဘယ်လောက်တေဆော့လာလို့ ဒီလောက်ညစ်ပတ်လာတာလဲ"

လေသံနည်းနည်းမာကာပြောတော့ ရုပ်ကလေးရှုံ့ကာ

"ပါပါးကလည်း သားက အိမ်ရှေ့မှာပုံထားတဲ့ သဲပုံပေါ်မှာပဲ ငြိမ်ငြိမ်လေးဆော့နေတာပါ"

အော် သဲပုံပေါ်မှာ ဆော့မှတော့ ဒီပုံဘယ်လိုပေါက်လာတယ်ဆိုတာ မပြောလဲ သိပီ
ကိုယ်ငယ်ငယ်ကလည်း.မှတ်မိသေးတယ်....

အဲ့နေ့က.. ကျောင်းပိတ်ရက် အိမ်ကိုရောက်လာတဲ့ ဂျီဂျီကြောင့် ပျင်းသည်ဆိုတာ အမောင်ယောင်းငယ်တို့နဲ့မသက်ဆိုင်တော့...

သဲပုံပေါ်နှစ်ယောက်ရောက်တာနဲ့ ဆော့လိုက်ပေလို့ဆိုပီး ရေတေလောင်ချလိုပ်နဲ့ နောက်ဆုံး တကိုယ်လုံးပေကျံတူးစွာ အိမ်ထဲပြန် ဝင်လာတော့ နှစ်ယောက်လုံးအဆူခံရလေရော ။ သဲပုံပိငြ်ရှင် ဦးလေးကြီးကလည်း သူ့သဲတေပေပွပီး တချို့က ရေနဲ့ဆိုတော့ ဗွက်ပုံတေဖြစ်လို့ အိမ်မှာလာတိုင်တော့လည်း မေမေတို့မနည်း​ပြန်တောင်းပန်လိုက်ရတာကို ခုချိနိပြန်တွေးမိရင် ခီယောငိးက ဒီလောက်မဆိုးသေး။

"ယောင်းငယ်ရေ..!!"

"ငါဒီမှာဟေ့..!"

ရေချိုးခန်းထဲဝင်သွားလိုက်တော့ သားအဖနှစ်ယောက်ငုတ်တုတ်လေးတေထိုင်လို့ တယောက်ကတော့ ညစ်ပတ်လို့ တယောက်က ဆူနေတာထင်ပါရဲ့ ရီချင်စိတ်ကို မနည်း ထိန်းလိုက်ရတယ်။

"မင်းမျက်နှာက ဘာဖြစ်နေတာလဲ စပ်ဖြီးဖြီးနဲ့"

"ဘာ..ဘာမှမဟုတ်ပါဘူး။... ပြောစရာရှိလို့ ညကျ ရိုစီအိမ်ကိုလာထမင်းစားမှာ အဲ့တာလာပြောတာ"

"အော် အင်းပါ... အမလေး မင်းတို့လည်းမပြောချင်ဘူးနော် အစကတော့ အင်းအဲနဲ့ ခုတော့ဖြင့်..."

ဒိုင်ယာရီWhere stories live. Discover now