Part 16

678 94 3
                                    

Part 16

"ဂျီဂျီ ညနေစောစောပြန်ခဲ့နော်"

"အင်းပါ ငါသိပါတယ်"

ယောင်းငယ်နဲ့ အရှေ့မှာ စကားပြောနေရင်း ခီယောင်း အထဲကနေပြေးလာပီး လာဖက်ကာနေသည်။ ဒီကလေး ဘာလိုချင်ပြန်ပါလိမ့်
"ဦးဦး ဒီနေ့ ဘာနေ့လည်းသိလား"

ဒီကလေး သူ့မွေးနေ့ကို မှတ်မိစေချင်နေတာမှန်းသိပေမဲ့ နည်းနည်းတော့ စလိုက်ရမှ ဖြစ်မယ်။

"ဒီနေ့လား? 3လပိုင်း24ရက်နေ့လေ ဘာလို့လဲ..?"

အဲ့လိုလည်းပြန်ပြောရော ရှုံ့မဲ့မဲ့လေးနဲ့ သူ့အဖေဘက်လှည့်ကာ လုပ်ပါအုံးဆိုသည့်သဘောဖြင့် လှည့်ကာ "ပါပါး~~" တဲ့ ခွီး...ဒီကလေး တကယ်မမှတ်မိဘူးထင်နေတာပဲ"

"မင်းစတဲ့ ပြဿနာ မင်းရှင်းတော့"
လို့ပြောကာ သူကတော့ ညနေပွဲအတွက် ပြင်ဆင်နေတဲ့နေရာ ထွက်သွားလေတယ်..။

"အမလေး လာပါအုံး ဦးဦး သားလေး။ သားလေးက ဝမ်းနည်းသွားတာလား..?ဟုတ်လား... ဦးဦးက ဒီက မင်းသားလေး မွေးနေ့ကိုမှတ်မိတာပေါ့ ကလေးရဲ့"

"တကယ်လား"

ငိုမဲ့မဲ့လေးနဲ့ မျက်စောင်းက ခုထိထိုးတုန်း

"တကယ်ပေါ့သားရဲ့ ဦးဦးက ရုံးကပြန်လာရင် သားဖို့လက်ဆောင်အကြီးကြီးဝယ်ခဲ့မယ်နော်"

"ဟုတ် စောစောပြန်ခဲ့နော်"

"အိုခီပါ ခီတုတ်လေး သဘောပါခဗျ"

ခ်ခ်ခ်ခ်ခ်

"မင်း ရုံကလူတေလည်းဖိတ်ခဲ့အုံး ရိုစီ့ကိုလည်း ခေါ်ခဲ့နော် ငါအကြံရှိတယ်"

"မင်းကလည်း လူယုတ်မာအပြုံးနဲ့ ခေါ်ခဲ့မယ် မဟုတ်တာတော့မလုပ်ခိုင်းနဲ့"

"အေးပါကွ"

မေးတချက် နှုတ်ဆက်သည့်သဘော ဆက်ကာ ရုံးသို့ထွက်လာခဲ့တယ်။

ကုမ္ပဏီမှာ ဘယ်လိုအရာတေစောင့်ကြိုနေမလဲဆိုတာ သူမခန့်မှန်းမိတာလည်း အပစ်လို့မပြောနိုင်ပေ။

:: : :: : : : : : :: :: :

"CEO Park ရုံးခန်းထဲမှာ ဧည့်သည်ရောက်နေပါတယ်"

အခန်းထဲရောက်ဖို့ ခြေလှမ်း50လောက်အလိုတွင် အရင်ကြိုရောက်နေပီးသော အတွင်းရေးမှူးရဲ့စကားကို "အင်း" လို့ဖြေကာ ဘာသိဘာသာ ခြေလှမ်းကျဲကျဲလျှောက်လာခဲ့တယ်။

ဒိုင်ယာရီWhere stories live. Discover now