Part 11
"ယောင်းငယ် ငါဒီနေ့ ကလေးကို အပြင်ခေါ်သွားအုံးမယ်"
"အင်း ဘယ်ကိုလဲ"
"လျှောက်လည်မလို့ ရိုစီကလည်း ခီယောင်းလေးကို မတွေ့တာကြာလို့ တွေ့ချင်လို့တဲ့"
တည်ငြိမ်စွာ ထမင်းစားရင်းပြောလာတယ် မတည်ငြိမ်နိုင်ခဲ့တာကျနော် . . .
"မင်း သူ့ကိုစိတ်မဝင်စားဘူးလား သူကတော့ မင်းကိုပါနေသလိုပဲ"
"အင်း ငါ့ဘက်ကရိုးရိုးသားသားပါပဲ"
"သိတယ်လေ မင်တို့လည်းခင်လာတာကြာပီမလား"
"မင်းပြောတာကိုငါနားလည်ပါတယ် ဒီအကြောင်းဆက်မပြောကြရအောင်"
အဲ့လိုပြောလာတော့လည်း ငြိမ်ပီးပဲထမင်းဆက်စားလိုက်တော့တယ်။ ငါ့ကိုနားလည်ပေးပါသူငယ်ချင်းရာ ငါကမင်းကို အကြာကြီးဆက်မခံစားစေချင်တော့လို့ပါ...
*****
"တီတီရိုစီ..!"
"သားလေး ရောက်ပီလား တီတီကလွမ်းနေတာ"
"သားရောပဲ"
အဲ့လိုတေပြောတတ်လွန်းလို့လဲ လူချစ်လူခင်ပေါတာနေမှာ သူ့ပါးပါး ငယ်ငယ်ကအတိုင်းပဲ
"အကိုရော တခုခုစားအုံးလေ"
"တော်ပီ အကိုကအိမ်မှာစားခဲ့တယ် ခီယောင်းသာ အိပ်ယာထနောက်ကျလို့မစားခဲ့ရတာ"
"ဦးဦး ကသားမှမနှိုးတာ"
"အမလေး မှားပါတယ်ဗျာ"
အဲ့လိုပြောတော့ တဟီးဟီးနဲ့
"ခီခီလေး စားပီးရင် ဘယ်သွားချင်လဲ"
"ကစားကွင်းကို အရင်သွားမယ်"
"အဲ့ဒါဆိုမြန်မြန်စားနော်"
စားပီး သွားချင်တဲ့နေရာတေလိုက်ပို့ မုန့်တေဝယ်စားနဲ့ အမောင်ခီယောင်းကတော့ မောမယ်မထင် ဒီကတော့ သူ့နောက်လိုက်နေရတာ ေခြတိုတော့မယ် ဟိုဟာမြင်လည်း
ဦးဦး သားဒါလုပ်ချင်တယ်.
ဦးဦး သားဒါကစားချင်တယ်
ဦးဦး သားဒါစားချင်တယ်
နဲ့ တွေ့သမျှလက်ညှိုးထိုးပူဆာတာ မရပ် ဘေးကရိုစီကြည့်တော့လည်း ဝယ်ထားတဲ့ အထုတ်တေသယ်ထားရတာ တပုံတပင် ကျနော်ကတော့ ဒိုင်ခံအကိုလေးညောင်းရင် ချီရတာနဲ့ ခြေတိုလက်ပြုတ်ဖြစ်တော့မယ်

VOCÊ ESTÁ LENDO
ဒိုင်ယာရီ
Romancewpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမွာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကုန္လုံးကို crdပေးပါတယ် wpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမှာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကု...