Part 17
အသင့်အတင့်ကျယ်သော ခြံဝန်းထဲတွင် ကလေး လူကြီးအစုံ ရောက်နေကြကာ ညမီးလုံးများ သီချင်းသံများ ဆူညံပြည့်ကြပ်လျက်ရှိနေ၍ ခြံရှေ့ကားရပ်ကာ နာရီဝက်လောက်အချိန်ဖြုန်းနေမိ၏။ သူဒီလိုနေရာတေနဲ့ဝေးနေတာ 6နှစ်တိတိကြာပီဖြစ် အစိိမ်းသပ်သပ်....
"သူဌေး ကျနော်တို့ဝင်ကြမလား ဒီ့ထက်နောက်ကျရင် ပိုများလာမယ်ထင်တယ်"
"အင်း"
ကားထဲမှဆင်းကာ အသင့်ဖွင့်ထားပီးသော ခြံထဲဆီသို့ ဝင်သွားကာ ရှာပုံတော်ဖွင့်ရတော့တယ်...အကို့ကို။
"ဦး!"
"အင် ဟင်"
ဘယ်အချိန်ကဘယ်လိုရောက်နေမှန်မသိတဲ့ကလေးက လှမ်းခေါ်တော့ အယောင်အမှားမှားဖြင့်ပြန်ထူးလိုက်ရသည်။
"ဦး ကသားမွေးနေ့ကိုလာတာလား"
"ကလေးက ဦးကို မှတ်မိလို့လား"
"ဟုတ်"
"ခီယောင်းရေ..!"
"သားကဒီရောက်နေတယ် သားသူငယ်ချင်းကရှာနေတာ""ဟုတ်လား အဲ့တာဆိုသွားတော့မယ်"
သားလေးနဲ့စကားပြောပီးမှ ခုနက ကလေးနဲ့ပြောနေတဲ့ လူကိုသေချာကြည့်မိတယ်..
"ဟာ... ဂျောင်ကု!"
"ဟုတ်ကဲ့ အကိုထယ်ယောင်း"
"မင်း... ဘယ်တုန်းကပြန်ရောက်တာလဲ"
"မနေ့ကမှ"
"အော် လာလေ အထဲဒီအဝမှာရပ်မနေနဲ့"
"ဟုတ်"
သူနဲ့ ပွဲကျင်းပရာ နေရာသို စကားတပြောပြောနဲ့သွားပီး ဝိုင်တခွက်ကမ်းပေးကာ စားပွဲတဝိုင်းတွင် နေရာချပေးသည်။
"မင်းပြန်ရောက်တာ ဂျီဂျီသိလား"
"အင်း သူဖိတ်လို့ရောက်လာတာ"
"အော်.."
ကလေးနဲ့ သူတို့နှစ်ယောက်က ဘာတေလည်း သိချင်လို့ စကားစဖောက်ရတော့တယ်
"ကလေးက ချစ်စရာလေးနော်"
"အင်း"
သူက ဂုဏ်ယူပြုံးပြုံးကာ အင်းတလုံးသာထွက်လာတယ်
YOU ARE READING
ဒိုင်ယာရီ
Romancewpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမွာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကုန္လုံးကို crdပေးပါတယ် wpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမှာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကု...