Extra 1
"အားလုံးပဲ နားထောင်ကြပါ .....ကျနော်တို့ ဒီနေရာကနေ လုံခြံတဲ့နေရာတေကိုလိုက်ပို့မယ်။ အဲ့တော့ အခုကိုယ့်လူနဲ့ကိုယ်စုထားကြနော် သတိနဲ့သွား အဆောက်အအုံတေထဲမဝင်ကြနဲ့။ နောက်15မိနစ်လာမယ့်ကားနဲ့ထည့်ပေးမှာပါ....အရမ်းမကြောက်ပါနဲ့ အားလုံးအဆင်ပြေသွားမှာပါ.."
လော်စပီကာမှ အသံရပ်သွားပီး လူလေညးြစုစုနဲ့လှုပ်ရှားကာ သူ့လူကိုယ်လူမရှိ တွေ့တဲ့လူဆွဲခေါ်နေကြသည်။..... လူတချို့ကလည်း ထမ်းစဥ်တေနဲ့လူတေသယ်ကြ အဆောင်အအုံပြိုထားတဲ့အပိုင်းအစတေကို ရှင်းတဲ့လူကရှင်း အကုန်အသက်ရင်းပီးလုပ်ရသည့်အလုပ်တေကို မငြီးမငြူလုပ်နေကြတဲ့ စေတနာ့ဝန်ထမ်းတေပင်..။
ငလျင်လှိုင်းက အမေရိကတိုက်မြောက်ပိုင်းကဒေသတေမှာ စိုးရိပ်အဆင့်4ဖြစ်ကာ လူထောင်ပေါင်းမနဲ သေဆုံးနေတဲ့ ဖြစ်စဥ်ကြီးတခုအဖြစ် လူသိအများဆုံးဖြစ်ပီး ကမ္ဘာအနှံ့က ကယ်ဆယ်ရေးအဖွဲ့တေပင် မလောက်ငှ...။
"အား!!!!!"
"လာကြပါအုံး!!! ဒီမှာ လူတယောက်ကျောက်ပိသွားပီ!!"
အော်သံကြားရာနေရာကို အရေးပေါ်ဆေးသေတ္တာနှင့်အပြေးသွားကာ ကယ်ဆယ်ရသည်။ ထိုနေရာမှာ ကျောက်ပြားဖယ်ဖို့ကြိုးစားသူတေ အသက်ကယ်ဖို့ကြိုးစားနေတဲ့ ဆရာဝန်တေ ဘေးကနေလိုတာကူညီနေတဲ့ ကယ်ဆယ်ရေးအဖွဲတေနဲ့ အသက်လုနေရသည်..။
"အကို့..!လက်ချောင်းတေလှုပ်ကြည့်ပါအုံး!"
အနေအထားမှာ မရှုမလှ...ကျောက်ပြားက သေးသေးမဟုတ် ကိုယ်လုံးတဝက်ကျော်ကျော်ပိနေပီး လက်နဲ့ကာသည့်အနေအထားဖြစ်ပေလို့ လှုပ်ခိုင်းခြင်းပင်..။
"ညာဘက်က လှုပ်မရဘူး! အပေါ်ကကျောက်ပြားအမြန်ဖယ်!! လူနာသွေးပေါင်ချိန်ကျနေပီ!! မြန်မြန်လုပ်ပေးကြပါ...."
"အကိုPark ကားရောက်နေပီ အဲ့က လူတေနဲ့အတူ လုံခြုံတဲ့နေရာလိုက်ပို့ပေးပါ ပီးတော့ အဲ့မှာ လူဘယ်ယောက်လောက် ဆံ့မလဲပါ တခါထဲကြည့်ပီး ပြန်ပြောပေး....မနက်ဖန်လွှတ်လိုက်တဲ့ကားနဲ့မှ အကိုပြန်လာခဲ့တော့"
"အင်း..အဲ့ဒါဆိုသွားပီ ဂရုစိုက်နော်.."
"ဟုတ်.."
YOU ARE READING
ဒိုင်ယာရီ
Romancewpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမွာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကုန္လုံးကို crdပေးပါတယ် wpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမှာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကု...