Part 14
"ငါဒီလိုစီစဥ်ထားတယ် ဂျီဂျီ"
"အင်း"
"မင်းနဲ့ရိုစီနဲ့ တွဲနေတယ်လို့ social mediaမှာသတင်းလွှင့်လိုက် မင်းတို့ကလည်း နီးနီးကပ်နေကွာ တချိန်လျိန်တော့ အဲ့ကောင် ထွက်သွားမှာပဲ"
"အဲ့ကောင်က အဲ့လိုလုပ်တာနဲ့ဘာဆိုင်လို့ထွက်သွားမှာလဲ"
"ကျစ် သူကမင်းကိုစိတ်ဝင်စားနေလို့အဲ့လိုဖြစ်နေတာလေ မင်းသာ ရိုစီနဲ့ ဘာညာ သတင်းထွက်ရင် auto မင်းအနားက ထွက်သွားမှာပဲ"
"ဒါပေမဲ့ ရိုစီက"
"ပြောပီးပီ ရိုစီက ကူညီပေးမယ်တဲ့"
"တကယ်..ရိုစီက တကယ်အဲ့လိုပြောတာလား..."
"အင်း မင်းသာ ဒီကိစ္စလက်ခံရင် ပီးပီ"
"အင်းပါ...... အဲ့လိုပဲလုပ်ကြတာပေါ့"
"အဲ့ဒါဆို ငါစီစဥ်လိုက်တော့မယ်နော် မင်းသာ မြနိမြန်သက်သာအောင်လုပ်"
"အင်းပါ"
ဒီကိစ္စကို သိပ်တော့ လက်မခံချင် တကယ်မဟုတ်တာကို လုပ်ရမှာက ဘယ်လောက်ခက်ခဲလဲ ဟိုဘက်က မိန်းကလေး သိက္ခာကိုလည်း ထည့်တွက်ဖို့လိုတယ်ဆိုပေမဲ့ သူကိုယ်တိုင်ကလက်ခံတယ် ဆိုတော့လည်း ပြောစရာ မလိုတော့ဘူးလို့ထင်တယ်... ဒါက မှန်ကန်တဲ့ဖြေရှင်းချက် ဟုတ်မဟုတ်လည်း မစဥ်းစားချင်တော့ ကျနော်လည်း ပုထုဇဥ် လူသားမလား တခါတလေ တော့လည်း ထွက်ပေါက်ဆိုတာရှိသင့်ပီး ပေါ့ပေါ့ပါးပါး ဖြတ်သန်းချင်တာပေါ့.... အဲ့လိုတွေးမိလို့လည်း လွယ်လွယ်လက်ခံခဲ့မိတာပေပဲ။
သူ့အစီအစဥ်က social media accတခုခုကနေ သတင်းလွှင့်မလို့ သတင်းဌာနတေအား လိုက်၍စီစဥ်နေခြင်းပင်။ အဲ့လိုလုပ်မှ အကုန်အမြန်ဆုံးပျံနှံမည်မဟုတ်လား။ ခုခေတ်က ကိုယ်ကသတင်းလေး တကြောင်းရေးရင် နောက်က ပါပါရာဇီတေအကုန်လုံးစောင့်ကြည့်ပီး အကျယ်ချဲ့ကြတာဆိုတော့ ပြောစရာမလိုအောင်ပင် ပျံနှံ့သွားမည် သူတို့နှစ်ယောက်ဆိုတာကလည်း စီးပွားရေးနယ်ပယ်မှာ ကျော်ကြားလှပီး အမြဲ တပူးပူးတတွဲတွဲဆိုတော့ သိပ်ပီး အကျယ်ချဲ့စရာပင်မလိုအဓိက ကတော့ သူတို့နှစ်ယောက် သရုပ်ဆောင်ကောင်းဖို့ပဲ။
VOUS LISEZ
ဒိုင်ယာရီ
Roman d'amourwpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမွာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကုန္လုံးကို crdပေးပါတယ် wpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမှာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကု...