Part 10
7.1.2021
"ဂျီဂျီ ထမင်းစားမယ် ဟိုကလေးက မင်းနဲ့မှစားမယ်ဆိုပီးခေါင်းမာနေတာ"
"အင်း လာပီ"
မျက်ရည်များကို အလျင်အမြန်သုတ်ကာပြန်ဖြေတာတောင်မှ ယောင်းငယ်က မြင်ကဖြစ်အောင်မြင်လိုက်သေးတယ်
"မင်း အမြဲအဲ့လိုလုပ်မနေနဲ့ ငိုနေလို့ ဘာမှဖြစ်မလာဘူး အတိတ်ကို အတိတ်မှာထားခဲ့လို့ ငါပြောတာလည်းဘယ်နှစ်ခါရှိနေပီလဲဟမ် တော်တော့ နောက်တခါထပ်မငိုနဲ့တော့ လာ ထမင်းစားမယ်"
"အင်း"
ယောင်းငယ်က အဲ့လို အရင်ကရော အခုရော ကျနော့်အပေါ်အရမ်းကောင်းတဲ့လူတယောက် အနွံတာလည်းအရမ်းခံတာ ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံး အချစ်ရဆုံးသူငယ်ချင်းပဲ....
"ခီယောင်း လာ မင်းဦးဦးနဲ့ထမင်းလာစားတော့"
"ဟုတ်ကဲ့ ပါပါး"
"ခီတုတ်လေး လာ ဦးဦး ထမင်းခွံကျွေးမယ်နော်"
"ဟုတ် ဦးဦး ခွံကျွေးဒါ ချားချင်လို့စောင့်နေတာ"
"ကြားလား ယောင်းငယ် ကလေးကခွံကျွေးခံချင်နေတာ မင်းတခါတလေတော့ စိတ်လျှော့ကွာ ကလေး စိတ်ထိခိုက်လိမ့်မယ်"
ကြည့်အဲ့အကြောင်းပြောလိုက်တာနဲ့ တန်းအခန်းထဲဝင်ဝင်သွားတာ ဟူး...သူနဲ့လည်းခက်ပြန်ရော..
လူပျို ကလေးအဖေဖြစ်တော့မယ်"ဦးဦး ပါပါးက နေမကောင်းဘူးလားဟင်"
"သားပါပါးက အလုပ်တေအရမ်းများနေလို့နော် ခီခီလေးက နားလည်ပေးလိုက်နော်"
"ဟုတ် သားသိပါတယ်"
မျက်တောင်လေးစဥ်းကာပြောလာပြန်တော့လည်း ရင်ထဲစို့တက်လာလိုက်တာ ဒီကလေးနဲ့ ဘယ်လိုရေစက်မှန်းလည်းမသိပါဘူး..
"လိမ္မာလိုက်တာကွာ ဦးဦး က အဲ့တာကြောင့်ချစ်တာ"
........ထမင်းစားပီးတော့ ယောင်းငယ်အခန်းရှေ့သွားကာ
"ယောင်းငယ် ခီခီ့ကို ငါနဲ့သိပ်လိုက်ပီနော်"
အခန်းထဲကဘာအသံမှမကြားတာနဲ့ ခီခီလေးကိုခေါ်ကာ အခန်းသို့သာပြန်သွားလိုက်တော့တယ်
ပြောသာပြောတာ ခီခီလေးက သူ့အခန်းနဲ့သူအိပ်ရတာ ယောင်းငယ်နဲ့ကတခါတလေလောက်ပဲ အိပ်ရတာ... ကြားထဲကနေ ခီခီလေးရော သူ့ပါပါးရော သနားနေရတဲ့ကိုယ့်ကိုကိုယ်တောင်ပြန်သနားမိလာပီ...
YOU ARE READING
ဒိုင်ယာရီ
Romancewpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမွာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကုန္လုံးကို crdပေးပါတယ် wpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမှာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကု...