Part 1

2.1K 144 0
                                    

ကျယ်ဝန်းလှတဲ့ ခြံကြီးထဲမှာ ခမ်းနားစွာတည်ရှိနေတဲ့ဘအိမ်တစ်အိမ်.....အထီးများကျန်နေမလားပဲ.....

အိပ်ခန်းထဲက စာရေးစားပွဲပေါ်မှာ စာအုပ်တစ်အုပ်ကို ဖတ်ရင်း ခနတာ ငြိမ်သက်နေတယ်...

"ဦးဦး ဘာယုတ်နေတာယဲ"

"ခီခီလေး ဦးကစာရေးမလို့"

"ဟွန်း ဦးဦးနဲ့ကစားမို့ပါချို ဦးဦးကဘာရေးမှာယဲ"

"ဒိုင် ယာ ရီ"

"ခီခီယဲ ရေးချင်တယ်"

"ကြီးလာရင်ခီခီလည်းရေးရမှာပေါ့"

"ဟွန်း ပီးဂျော"
နှုတ်ခမ်းလေးဆူကာပြောပီးထွက်သွားတဲ့ကလေးလေး အရွယ်နဲ့မလိုက်အောင်အရမ်းစကားတတ်တာ သေချာပေါက်တူတဲ့သူတယောက်ရှိတာပေါ့

အမြဲလွမ်းနေရတဲ့လူတယောက်

<<<<<<လွန်ခဲ့သော၂၃နှစ်ခန့်က>>>>>>

ဆေးရုံခွဲခန်းရဲ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့လူတယောက် ပါးစပ်ကလည်းပွစိပွစိနဲ့ အငြိမ်မနေနိုင်...

ခနအကြာ ခွဲခန်းထဲကသူနာပြုတစ်ဦးထွက်လာတယ်....

"လူနာရှင်က ဘယ်သူလဲရှင့်"

"ကျွန်တော်ပါ"

"အော် ဟုတ်ကဲ့ ဂုဏ်ယူပါတယ်ရှင့် သားလေးမွေးပါတယ် ကလေးရော လူကြီးရော ကျန်းမာပါတယ်ရှင့်"

"ကျေးဇူးပါဗျာ .. ဘယ်တော့ဝင်ကြည့်လို့ရမလဲဗျ"

"ခွဲခန်းထဲကနေ ရိုးရိုးအခန်းထဲပြောင်းပီးရင် တွေ့လို့ရပါပီ"

"ဟုတ်ကဲ့ပါဗျ"

သူနာပြုမလေးလည်း အသိအမှတ်ပြုတဲ့အနေနဲ့ ခေါင်းတစ်ချက်ငြိမ့်ကာပြုံးပြပီး ခွဲခန်းထဲပြန်ဝင်သွားတယ်..

သူလည်းဖုန်းထုတ်ပီး သူ့အဖေဆီလှမ်းပြောလိုက်တယ်..

"ဟယ်လို အ​ေဖ့..အဖေ့မြေးလေးမွေးပီ ယောကျာ်းလေးဗျ"

"ဟာ...ဟုတ်လား..အေးအေး ကောင်းတာပေါ့ ဝက်ပေါက်လေးလည်းအဖော်ရတာပေါ့"

"ဟုတ် အဖေ"

"အေးအေး အဖေ ခနနေဆေးရုံလာခဲ့မယ်"
လို့ပြောပီးဖုန်းချသွားတယ်..

ဒိုင်ယာရီWhere stories live. Discover now