Extra 2

994 83 0
                                    

Extra 2

ထမင်းစားပီး မေမေတို့ကTVကြည့်လို့ အကူးနဲ့ကျနော်ကတော့ ကော်ဖီတယောက်တခွက်နဲ့ ခြံထဲမှာ ထိုင်နေတာ အတော်ကြာခဲ့ပီ။ နှစ်ယောက် ဘယ်သူမှ ဘာမှစပြောဖြစ်.....ေအတွေးကိုယ်စီနဲ့သာ ငြိမ်သက်နေမိကြတယ်။...

"အကူး...ကုမ္ပဏီပြန်မသွားရဘူးလား"

"ဟုတ်..."
သူ့အနားနေချင်လို့ နေနေတာကို ကုမ္ပဏီမသွားရဘူးလားဆိုတော့လည်း..အင်းလို့သာ ပြန်ဖြေဖြစ်တယ်။
ပြန်ပီးစကားစပြတ်သွားပြန်တယ်။

"တီလေးတို့ရော နေကောင်းကြလား..."

"ဟုတ်....ကောင်းတယ်"

ဒီကောင်လေးနဲ့ငါတော့ ဟုတ်နေပီ။ နေပူပူထဲ ဘာမှမပြောပဲ -ျီးမို့နေစရာလား....ကိုယ်ကတော့ သူစကားတေအများကြီးပြောမယ်လို့ ထင်ထားတာ သူကဖြင့်ကိုယ့်တောင် ယောင်လို့လှည့်မကြည့်....တော်ပီ အသားတေမဲနေလို့တောင် အကျီလက်ရှည်ဝတ်ထားတာကို နေပူထဲတော့ ထွက်မနေနိုင် အိမ်ထဲပဲဝင်တာကောင်းတယ်။

"ပြန်သွားအုံးမှာလား......"

ထထွက်မှ နောက်ကနေစကားသံကြားရတယ်။သူ့ရှေ့ထိုင်ခုံတွင်သာ ပြန်နေရာယူလိုက်ရသည်။ကိုယ်ကပြောချင်သူမဟုတ်ပါလား...။

"အင်း.....သွားဖြစ်မှာ"

"အော်....."

"မင်းရော...အလုပ်တေအဆင်ပြေလား"

"ပြေပါတယ်....လုပ်ငန်းခွဲတေများလာတော့ နည်းနည်းပင်ပန်းတာတော့ ရှိတာပေါ့"

"အင်းပေါ့.....ခုအကိုပြန်မသွားခင်တော့ အလုပ်ပြန်ကူလုပ်ပေးမှာပါ"

"ဘယ်တော့သွားမှာလဲ...."

"ခုပြန်လာတာ....အဲ့အဖွဲနဲ့ စာချုပ်သက်တမ်းပြည့်လို့လေ နောက်5လလောက်တော့ကြာအုံးမယ်ထင်တယ်...."

"အကိုကတော့...အေးချမ်းတယ်ဗျာ....."

"ထင်လို့ပါကွာ...ဟိုမှာဆို ဒီလိုထိုင်ဖို့မပြောနဲ့ မတ်တပ်ငို ငြိမ်ငြိမ်မရပ်ရတာ......ဟိုမှာအရေးပေါ်လူနာ၊ ဒီမှာ ရိက္ခာတေမရှိတော့လို့၊ ဟိုမှာ ကျောက်ပြားဖယ်ဖို့၊ ပစ္စည်းနေရာရွှေ့ဖို့နဲ့ ငြိမ်ငြိမ်ကိုမနေရတာ.....အခုနှစ်နောက်ဆုံးလိုက်ဖြစ်တဲ့ ငလျင်ကတော့ ထောင်ချီသေတာ တချို့ ကလေးသေးသေးလေးတေတောင်ပါတယ်ကွာ....ကံဆိုတာမမြင်ရဘူး အဲ့ကလူတေအကုန်လုံးမျက်နှာကြည့်လိုက် ဘာခံစားချက်မှမရှိတော့တဲ့လူတေလို မျက်လုံးတေက ငြိမ်သက်ကုန်ကြတာ.... ဟုတ်တာပေါ့...ကိုယ့်ရှေ့မှာတင် ကိုယ့်ဆွေမျိုးတေ ကိုယ့်အသိမိတ်ဆွေတေ ဆုံးသွားတာမြင်သွားရတော့ ရှော့ခ်တေသွားတာ တချို့ဆို စိတ်လွတ်သွားတဲ့အထိကို ခံစားကြရတာ။ အဲ့ဒါတေကြည့်မိ စဥ်းစားမိရင်....အော်...ငါဒီလိုနေရာမှာ မမွေးဖွားခဲ့တာကိုက ကံအရမ်းကောင်းနေပီ တက်နိုင်တာထက်ပိုပီးတော့တောင် လုပ်ပေးသင့်တာ"

ဒိုင်ယာရီWhere stories live. Discover now