Part 19
"မေမေရေ! ဖေဖေ!သားတို့ရောက်ပီ"
ထုံးစံအတိုင်း အိမ်ထဲမဝင်သေးပဲ အပေါက်ဝကနေ အသံကုန်အော်တတ်တဲ့ အကျင့်ကလည်း ခုထိမပျောက်သေး
"ဟယ်...သားလေးတီတီကလွမ်းနေတာ"
ဂျီမင် အမေသည် အပေါက်ဝသို့ထွက်လာပီး ဂျောင်ကု လေးအားဖက်ကာ စကားတေ တတွတ်တွတ်ပြောနေတာ ဘေးနားက ဂျီမင်ပင် ကိုယ်ပျောက်လူသားဖြစ်သွားသလိုပင်
"အဟမ်း.!ဒီဘက်မှညလည်း လူရှိသေးတယ်နော်"
"အမလေး တွေ့ပါ့တော် ငါ့သားလေး မတွေ့တာကြာလို့ကို"
"အမေ့သားအရင်းက ဒီမှာပါ"
"ဒါလည်း ငါ့သားငယ်လေးပဲ"
သားအမိနှစ်ယောက် တယောက်တခွန်း ပြောနေတာ ကြားဖြတ်မပြောလျှင်မပီးတော့ပီမို့ ဂျောင်ကု စကားဝင်ပြောလိုက်ရတော့သည်။
"အထဲဝင်ကြမယ်လေ အပေါက်ဝကြီးမှာ"
"ဟုတ်ပါ့ မိန်းမကလည်း ကလေးတေကို အိမ်ထဲဝင်ခိုင်းပါအုံး"
"လာသားတို့ ထမင်းစားပီးမှ ပြန်ရမယ် နှစ်ယောက်လုံး"
"ဟုတ် သားက မေမေပြန်လွှတ်တောင် မပြန်ဘူး"
"အံမယ် ခုမှပေါ်လာပီးတော့"
"သား ခီယောင်းက ဘယ်သူနဲ့နေခဲ့လဲ"
"သူက ကျောင်းသွားပီ ဒီကအပြန် သူ့ကို ဝင်ကြိုမှာ ဖေဖေ"
"ယောင်းငယ်ကရော"
"သူက အမြဲအလုပ်တေရှုပ်နေတာ"
"သားငယ်ရဲ့ မေမေတို့ရော နေကောင်းတယ်မလား"
"ဟုတ်"
"ဘာစားကြမလဲ"
"တီတီကြိုက်တာကျွေး"
"ဟုတ်ပီ ငါ့သားငယ်က ပန်ကိတ်ကြိုက်တယ်မလား လုပ်ထားတာရှိတယ်"
"ကဲ..သားတို့ မင်းအမေနဲ့ တနေကုန်နေပီးမှ ပြန်ကြ ဖေဖေချိန်ထားတာလေးရှိလို့ သွားလိုက်အုံးမယ်"
"ဟုတ် ဖေဖေ"
ဖေဖေ ကားမောင်းထွက်သံကြားမှ အကူးက
"အကို့ ကျနော်တို့ ဖွင့်ပြောလိုက်တော့မလား တီတီ့ကို...."
ဒါဘယ်လိုစကားလဲ? သူကဘယ်လို မျက်နှာနဲ့ ဖွင့်ပြောဖို့ ဆုံးဖြတ်ထားလို့လဲ? အဲ့လောက်လွယ်လွယ်လုပ်လို့ရတဲ့အရာ မဟုတ်ဘူးဆိုတာ သူမသိဘူးလား? လားပေါင်းများစွာ ခေါင်းထဲ စီကာ ထွက်လာပီး သူ့အား ပြုံးကြည့်နေသော အကူးအား မျက်လုံးပြူးဖြင့် အံ့သြစွာ ကြည့်နေမိသည်။
YOU ARE READING
ဒိုင်ယာရီ
Romancewpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမွာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကုန္လုံးကို crdပေးပါတယ် wpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမှာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကု...