Part 3
"ဂျီဂျီ..လာပါကွ သွားရအောင် ငါဗိုက်အရမ်းဆာနေပီ"
"နေပါအုံးကွမင်းကလည်း ဆရာထွက်ဖို့၁၀မိနစ်ကျော်လောက်ပဲလိုတော့တာကို"
"ဟာ ငါမရတော့လို့ပေါ့ မလိုက်ချင်လည်းနေကွာ ငါဟာငါသွားမယ်"
ဟော ကြည့် စိတ်ကောက်တော်မူသွားပီ လိုက်ချော.ရပြန်အုံးမယ်
"ယောင်းငယ် ဟိတ်ကောင်!!ငါ့ကိုစောင့်အုံးလို့ မင်းကလည်းကွာ စိတ်မဆိုးပါနဲ့နော် အကျင့်ပုတ်ကောင် ငါ့ကိုစောင့်ပါအုံးဆို"
"မင်းကမှအကျင့်ပုတ်ကောင် ငါခေါ်နေတာကိုမလာဘူးလေ"
"အဲ့တာက ခနစောင့်အုံးလို့ပြောတာလေ ယောင်းလေးကလည်း ဟင်..."
ယောင်းငယ်နဲ့နှစ်ယောက်စကားတပြောပြောနဲ့ ကန်တင်းရောက်တော့ စားပွဲဝိုင်းတစ်ဝိုင်းမှာ အကူးနဲ့အတူ ကောင်မလေးတယောက်အတူထိုင်နေတယ် အကူးကတော့မြင်ပုံမပေါ် ဘေးကကောင်မလေးက နောက်တယောက်ထင်တယ်
ကျနော်လည်းသွားမနှုတ်ဆက်လိုက်ဘူး နှုတ်ဆက်ရင်အနှောက်အယှက်ဖြစ်မယ်ထင်တယ် သူတို့ကြည့်ရတာပျော်နေပုံပဲ....
အကူးကကျနော့်ကို အရမ်းစိမ်းသွားပီ ကျနော့်အမှားကြောင့်...အလယ်တန်းဒုတိယနှစ်လောက်မှာအကူးလို့မခေါ်နဲ့သူမကြိုက်ဘူး သူ့နာမည်ပဲခေါ်တဲ့...ကျနော်ကိုလည်း ငယ်ငယ်ကလို ကိုကိုဂျီမင်နီးအစား ဂျီမင်ဟျောင်းတဲ့လေ အခေါ်အဝေါ်ကအစပြောင်းသွားတာ....
သူကမိန်းကလေးအရမ်းရှုပ်တာ ရှုပ်ချင်လောက်အောင်လည်းအကူးကအရမ်းချောတာ...
သူ့ကိုကြိုက်တဲ့မိန်းကလေးတေကလည်းကျောင်းမှာတောင်လိုပုံလို့..သူက ကျောင်းမှာဆိုနာမည်ကြီးplay boyလေ...."ဟိတ် ဂျီကောင် စားစရာရှိတာစား လျှောက်ငေး မနေနဲ့ အတန်းတက်ရအုံးမယ်"
"အေးပါ မင်းကလည်း"
ယောင်းငယ်ကကျနော့်ကိုအရမ်းဂရုစိုက်တာ သူများထိလည်းမခံဘူး ကျနော်အကြောင်းအကုန်သိတဲ့တဦးတည်းသောသူလည်းဟုတ်တယ် သူကကျနော်ကိုမျက်နှာတစ်ချက်အညှိုးမခံဘူး...သူကကျနော်အတွက် အကောင်းဆုံးနဲ့အချစ်ဆုံးသူငယ်ချင်းပဲ....

STAI LEGGENDO
ဒိုင်ယာရီ
Storie d'amorewpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမွာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကုန္လုံးကို crdပေးပါတယ် wpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမှာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကု...