Part 9

758 107 10
                                    

Part 9

အချိန်တေသာရပ်တန့်လို့ရရင်ကောင်းမယ်လို့ စဥ်းစားခဲ့ဖူးတာ အကြိမ်ကြိမ်ပါပဲ.......

% % % % %

ကန်တင်းမှာ ယောင်းလေးနဲ့မုန့်ထိုင်စားနေတုန်းစားပွဲကိုနောက်တယောက်ရောက်လာတယ်....

"ဟိတ်ကောင် မင်းသူငယ်ချင်းရောက်တာနဲ့ ငါ့တောင်မခေါ်တော့ဘူး"

"မဟုတ်ပါဘူးကွာ လာထိုင်လေ"

ကျနော်က ယောင်းငယ်ကို ဘယ်သူလဲလို့မေးတဲ့သဘော မျက်စပစ်ပြလိုက်တယ်

"အော် ဂျီဂျီ့ သူက မင်ဟာ တဲ့ မင်းကျောင်းမလာတဲ့နေ့ကခင်သွားတာ"

"အော် ပတ်ဂျီမင်းပါ"

"ဟုတ်ကဲ့ ထယ်ယောင်းကို ခင်သလိုခင်မယ်နော်"

နည်းနည်းတော့ကြောင်သွားတာပေါ့ ခုမှ ခင်တာကို အဲ့လိုကြီးတန်းပြောလေတော့... လူမှုရေးအရ ခေါင်းသာတချပ်ညိမ့်ပြလိုက်တယ်

"ယောင်းငယ် စားပီးရင်သွားရအောင်လေ"

"အေးသွားမယ်လေ မင်ဟာ ငါတို့သွားတော့မယ်"

"အင်း"

ကန်တင်းကထွက်မှ ယောင်းငယ်ကိုသာ ဆဲရတော့တယ်

"ဘာဖြစ်လဲမင်းကလည်း အပေါင်းအသင်းတောင်ပေါသေးတာကို"

"တခြားအများကြီးရှိတာပဲ သူနဲ့မှ အပေါင်းအသင်းများချငိနေလား "

"သူအရင်စကားလာပြောတာ"

"ပီးရော အရမ်းမရောနဲ့ ရုပ်ကြည့်ရတာကိုက အချိုးမပြေဘူး"

"အင်းပါ"

°°°°°°°°°°°°°°°°°

ဆရာနောက်ထပ်ဝင်ပီးရင်ကျောင်းဆင်းတော့မှာမို့ ပစ္စည်းတေ စာအုပ်တေသိမ်းနေတုန်းကျောပေါ်ကို တခုခုတင်ထားသလိုမို့နောက်လှည့်ကြည့်တော့ မင်ဟာ...

"ဂျီမင် ဘာဖြစ်တာလဲ အချင်းချင်းကို"

"ငါ့ကိုအဲ့လို အရမ်းရင်းနှီးသလိုလာမပြောနဲ့ မကြိုက်ဘူး"

"ငါကထယ်ယောင်းကို ခင်သလို ခင်တာပါ"

"ထယ်ယောင်းကို အဲ့လိုလုပ်လို့ရရင်ရမယ် ငါ့လာမလုပ်နဲ့"

ဒိုင်ယာရီWhere stories live. Discover now