Part 7
"ကလေးတေကားကိုဂရုစိုက်မောင်းကြနော်..!"
"ဟုတ်ကဲ့ပါ ဖိုးဖိုးကြီးရဲ့"
"သွားတော့မယ်နော်..နောက်မှထပ်လာခဲ့မယ်.."
လို့ပြောပီးခြံထဲကထွက်လာတော့ နောက်မှာ ဖိုးဖိုးကြီးကလက်လေးလှမ်းပြနေတုန်းပဲ...
ငယ်ငယ်ကဒီအချိန်ဆို ငိုရတာ နှာရည်တေရွှဲနေပီ..တကယ်စဥ်းစားမရ ငယ်ငယ်ကငိုပီး ခုတော့ ပြန်ရတော့မယ်ဆို ပျော်နေပီ..အသက်တေကြီးလာလို့ထင်ပါတယ်... အကူးလည်းဘေးမှာရှိလို့နေမှာ..."ဟျောင်း... ဟိုရောက်ရင် ဘာလုပ်စရာရှိလဲ"
"ဘာမှမရှိပါဘူး ဘာလို့လဲ"
"ဒီတိုင်း မေးကြည့်တာ"
ခေါင်းလေတဆက်ဆက်ငြိမ့်ကာ မုန်ဘက်ပြန်လှည့်သွားတယ်...ဟိုတယောက်နဲ့ လမ်းခွဲမယ့်အကြောင်းပြောပြလိုက်ရင်ကောင်းမလား.....
"ဟျောင်း.."
ဒီကလေးဘာဖြစ်နေတယ်မသိဘူး တဟျောင်း ဟျောင်းနဲ့
"အင်း"
"ကျနော်ဟိုရောက်ရင်..ဟိုတယောက်နဲ့ လမ်းခွဲတော့မယ်"
"အသစ်ထပ်တွေ့ထားလို့လား"
"အင်း အသစ်လို့ ပြောရမလား အဟောင်းလို့ပြောရမလား"
"အဆင်ပြေပါစေကွာ.."
ခဗျားတကယ်ပဲ မသိတာလား သူ့ကြည့်ပြောနေတာကို နည်းနည်းလေးမှ.... ဟူး..
ငါလည်း ပျော်ချင်တယ်အကူး မင်းတယောက်နဲ့ပြတ်ရင် နောက်တယောက်တွေ့လို့ဆိုတာကြီးကို ငါ့စိတ်ကအမြဲသိနေတော့..မင်းပြတ်လည်း ငါပျော်မနေရဘူး အကူး..
နောက်တချိန်ပြန်မွေးဖွားလာခဲ့ရင် လေထုလေးပဲ ဖြစ်ချင်မိတော့တယ်.....
"ဟျောင်း..ညနေလာခေါ်မယ် ပြင်ထားနော်"
"ဘယ်သွားမလို့လဲ"
အဲ့လိုမသိတဲ့လူကို ထပ်စချင်တာနဲ့
"အာ..ကျနော်ခုနကပြောထားတာလေ အဲ့တယောက်ကို ဖွင့်ပြောမလို့"
"အဲ့ဒါ ငါကဘာလိုက်လုပ်ရမှာလဲ"
"လိုက်ခဲ့ဆို လိုက်ခဲ့ဗျာ သွားပီ လာခေါ်မယ်စောင့်နေနော်"

CZYTASZ
ဒိုင်ယာရီ
Romanswpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမွာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကုန္လုံးကို crdပေးပါတယ် wpမှာပထမဆုံးရေးတဲ့ficလေးမို့ မကောင်းခဲ့ရင်ကြိုတောင်းပန်ပါတယ်ရှင့် ဒီထဲမှာ သီချင်းစာသားတေလည်းပါနိုင်တာမို့လို့ အကု...