💔part 3💔

1.3K 129 7
                                    

Unicode

ရုပ်ရှင်ရုံရောက်တော့ ပွဲမစသေးတော့ အပြင်မှာပဲ မုန့်တွေဝယ်နေကြတယ်။

"Hyung ရေ Pop Corn စားမလား"

"မင်းစားမယ်ဆို ဝယ်လေ။"

"အမရေ Pop Corn ရယ် Suprised 2 ဗူးရယ်ပေးပါနော်"

"ရုံထဲမှာ အအေးသောက်လို့မရဘူးလေ"

"ခိုးသောက်မှာပေါ့လို့။ ဘယ်သူမြင်တာမှတ်လို့။"

Jimin ပုံစံလေးကိုကြည့်ပြီး Tae Hyung ပြုံးလိုက်တယ်။ ဒါကိုမြင်သွားတဲ့ Jimin ကတော့သူ့ကြောင့် ပြုံးသွားတာဆိုပြီး ဝမ်းသာနေတယ်။

"Hyung ရယ်အမြဲတမ်းပြုံးနေပါလားနော်။ Hyung ပြုံးလိုက်ရင်ချစ်စရာအရမ်းကောင်းတယ်"

"ငါဘယ်မှာပြုံးလို့လဲ မပြုံးပါဘူး"

"ခုနကပဲ ပြုံးလိုက်ပြီးတော့"

Tae Hyung မုန့်ဆိုင်ရဲ့ တစ်ဖက်ကိုထွက်လာခဲ့တယ်။ ခေါင်းကြီးငုံ့ပြီး လျှောက်လာတာဆိုတော့ ရှေ့ကလူ တစ်ယောက်ကို တိုက်မိသွားတယ်။

"တောင်းပန်ပါတယ်နော်။ မမြင်လိုက်လို့ပါ"

"တကယ်ဆိုမင်း ခေါင်းငုံ့မနေသင့်ဘူး"

"ကျွန်တော့်ကိုဆရာလာလုပ်နေတာလား"

"မင်းကိုပြောပြနေတာလေ ဆရာလုပ်နေတာမဟုတ်ဘူး"

ရန်ဖြစ်တော့မယ့်အချိန်မှာ Jimin လာတယ်။ Jimin သေချာကြည့်လိုက်တော့ Tae Hyung ဝင်တိုက် လိုက်တဲ့
တစ်ယောက်က Jimin ရဲအတန်းပိုင်ဆရာ NanJoom ဖြစ်နေတယ်။

"ဆရာတောင်းပန်ပါတယ်နော်။ သူကကျွန်တော့သူငယ်ချင်းပါဗျ"

"‌ Jimin မင်းသူငယ်ချင်းကို စကားပြောတတ်အောင်သင်ပေးလိုက်အုံး"

"ကျွန်တော်တောင်းပန်ပါတယ်။ Hyung အဲ့တာငါတို့ အတန်းပိုင်"

"'တောင်းပန်ပါတယ်ဆရာ ကျွန်တော်ပြောတာ ရိုင်းသွားရင် ခွင့်လွှတ်နော်"

"ရပါတယ်ကွာ။ အခုရုပ်ရှင်ကြည့်မှာ
မလား။ ငါလည်းကြည့်မလို့လာတာ။
တူတူကြည့်ကြတာပေါ့"

ဆရာ NanJoom နဲ့အတူတူ ရုပ်ရှင်ကြည့်ကြတယ်။ သရဲကားဆိုတော့ Jimin ကြောက်နေတယ်။ ‌အလယ်မှာထိုင်ပြီး ဘေးနားက ဆရာ NanJoom နဲ့ TaeHyung ရဲ့လက်တွေကို စုပ်ကိုင်ထားတယ်။

I Don't Miss You  [Uni/Zaw]Where stories live. Discover now