💔part 11💔

947 87 0
                                    

Unicode

Taehyung ဖတ်ကြည့်လိုက်တော့

*ငါအရမ်းပျော်တယ်။ ဒီနေ့ငါခြေထောက်နာသွားလို့ စိတ်ပူနေတဲ့ Taehyung မျက်နှာလေးကိုကြည့်ပြီး ငါအရမ်းပျော်တာပဲ။ ငါသူ့ကိုချစ်မိနေပြီ။ ဟုတ်တယ် ငါသူ့ကိုအရမ်းချစ်မိနေပြီ။ သူ့အတွက်ဆို ငါ့အသက်ပေးရလည်းရတယ်။ ငါအခုခြေထောက်နာနေတာသိတယ်။ ဒါပေမဲ့ ငါမရှုံးချင်ဘူးဆိုတာက ငါ့ကြောင့် Taehyung မျက်ရည်ကျရမှာ ရှုံးနိမ့်ရမှာကို ငါမလိုချင်ဘူး။ တော်ပြီ ဆက်မရေးချင်တော့ဘူး အိပ်တော့မယ်။*

Taehyung စာကိုဖတ်ပြီးတော့ မျက်ရည်တွေကို မနည်းထိန်းထားရတယ်။

"မင်းကိုသူကချစ်မိနေပြီတဲ့ မင်းကြောင့် ငါ့ရဲ့
နုနုဖတ်ဖတ်သားလေး အခုခွဲစိတ်ခန်းမှာ။
တစ်ခုပဲပြောမယ်။ မင်းချမ်းသာတာငါသိတယ်။
ဒါပေမဲ့ ငါ့ကငါ့သားကို အရမ်းချစ်ဖို့ကောင်းတဲ့
ကောင်မလေးတစ်ယောက်နဲ့ပဲ လက်ထပ်
စေချင်တာဆိုတော့ မင်းငါ့သားဘေးနားက
ထွက်သွားပေးပါနော်"

Taehyung လည်းသူ့‌ကြောင့်ဖြစ်တာဆိုတော့ ဆေးရုံးကနေထွက်သွားတယ်။ ခွဲစိတ်ပြီး ၆ နာရီလောက် အကြာမှာ Jungkook သတိရလာတယ်။ မျက်လုံးဖွင့်ကြည့်လိုက်တော့ Taehyung ကိုမတွေ့လို့မေးလိုက် တယ်။

"သားလေးသတိလာပြီလား"
"Taehyung ရောသူဘယ်မှာလဲ"
"သားရယ် အခုမှသတိရလာတယ်။ ကိုယ့်မိဘနာမည်ကို
အရင်မခေါ်ဘဲ သူ့နာမည်ကို အရင်ခေါ်တယ်တဲ့လား"
"မဟုတ်ဘူး။ သားတို့ရှုံးခဲ့တယ်။ သားကြောင့်ရှုံးခဲ့ရတယ်။
သားသူ့ကို သွားတောင်းပန်ရမယ်။"

Jungkook ဆေးသွင်းထားတာတွေကို ဆွဲဖြုတ်ပြီး Taehyung ဆီကိုသွားတယ်။ ဒါပေမဲ့ Taehyung ကို ဖုန်းလဲဆက်လို့မရနဲ့ဆိုတော့ Hoseok အိမ်ကိုပဲသွားလိုက်တယ်။ ကံကောင်းချင်တော့ Hoseok အိမ်မှာ Taehyung ရောက်နေတယ်။

"hyung"

Hyung လို့ခေါ်သံကြားလို့ Taehyung လှည့်ကြည့်လိုက်တော့ မျက်နှာတစ်ဝိုက်မှာ မျက်ရည်တွေနဲ့ Jungkook ကိုတွေ့လိုက်ရတယ်။ Jungkook က Taehyung ကိုချက်ချင်းပြေးဖတ်ပြီး ငိုချလိုက်တယ်။

"Hyung ကျွန်တော်တို့ရှုံးခဲ့တယ်။ ကျွန်တော့်ကြောင့် ရှုံးခဲ့ရတာ"
"မငိုပါနဲ့တော့ကွာ မင်းအခုဆေးရုံကနေ ဘယ်လိုရောက်လာတာလဲ ပြန်ပါတော့နော်"
"ကျွန်တော်မပြန်ချင်ဘူး။ Hyung နားမှာပဲနေချင်တယ်"
"ပြန်ပါတော့နော်"

I Don't Miss You  [Uni/Zaw]Donde viven las historias. Descúbrelo ahora