“Taehyung မင်းဘယ်လိုဖြစ်နေတာလဲ။ Jimin ဆိုတဲ့အကောင်အတွက် ငါ့ကိုထိုးတာလား”
“မင်းပြောနေတာတွေက သူ့ကိုအရမ်းထိခိုက်နေတယ်လေ။သူ့ကိုငါအရမ်းချစ်တယ်။ သူ့နဲ့ပဲနေမယ်။ ဘယ်သူတွေလာခွဲခွဲအဲ့လူတွေကိုပဲ ငါအရမ်းမုန်းမိမှာ။”
Taehyung အိမ်ထဲကနေထွက်လာခဲ့တယ်။ မျက်နှာတစ်ဝိုက်မှာလည်း မျက်ရည်တွေနဲ့ ပြည့်နှက်နေတယ်။ ကားကိုလဲ အရှိန်နဲ့မောင်းပြီး အိမ်ပြန်လာခဲ့တယ်။ Jungkook က Ayro လေးတစ်ယောက်ထဲမလို့ အိမ်ပြန်သွားပြီ။ Jimin ကပဲ Taehyung ကိုတံခါးလာဖွင့်ပေးတယ်။ မျက်ရည်တွေနဲ့ Taehyung ကိုတွေ့လိုက်ရတော့ Jimin လဲ မျက်ရည်မကျအောင် ထိန်းနေရတယ်။ အိမ်ထဲရောက်တော့ ဖြစ်ကြောင်းတွေကိုမေးကြည့်တာပေါ့။
“ဘာဖြစ်လာတာလဲ။ ဘာလို့ငိုလာတာလဲ”
“မင်းငါ့ကိုမထားခဲ့ပါနဲ့နော်။ ငါတောင်းပန်ပါတယ်။ မင်းသာမရှိရင် ငါ့ကိုချစ်တဲ့သူဆိုလို့ ရှိမှာကိုမဟုတ်တော့ဘူး”
“ဘာဖြစ်လာတာလဲ။"
“ကိုယ့်မိဘတွေက ကိုယ့်ကိုဘယ်တုန်းကမှ မချစ်ခဲ့ဘူး။ ငယ်ငယ်လေးထဲက ကိုယ်ဘာသာ အထိန်းတော်တွေနဲ့နေခဲ့ရတာ။ တစ်နှစ်နေမှ တစ်ခါပဲ မိဘနဲ့နေခွင့်ရတာ။ အစ်ကိုကတော့ မိဘတွေရဲ့ အချစ်ကိုအမြဲတမ်းခံရတယ်။ ကိုယ်ကတော့ စွန့်ပစ်ခံထားရတဲ့အတိုင်းပဲ။ ကိုယ့်အဖေက ကိုယ် ၁၀ နှစ်မှာ နောက်မိန်းမယူတယ်။ နောက်မိန်းမ မှာ ChanYeon ဆိုတဲ့သားတစ်ယောက်ပါလာတယ်လေ။ အဲ့အချိန်ကစပြီး ကိုယ်က အဝေးကိုရောက်သွားတာပဲ။အခုလဲ ကိုယ့်ကိုလက်ထပ်ပေးတော့မယ်တဲ့။”
Taehyung ငိုနေတာကိုမြင်ရတော့ Jimin အတွက် အဆင်ပြေမနေဘူး။
“လက်ထပ်ချင်ပြီလား hyung က”
“ငါမလက်ထပ်ချင်သေးလို့ပဲ ငြင်းခဲ့တာပေါ့။ ပြီးတော့ ငါမင်းနဲ့ပဲနေချင်တာ”
ညရောက်တော့ Jimin ဆီကိုဖုန်းဝင်လာတယ်။
“ဟလို”
“Jimin မင်ဦးတို့အိမ်ကိုခဏလာခဲ့ပေးပါလား။ ဦးက Taehyung အဖေပါ”
“လာခဲ့ပါမယ်။”
Jimin ဖုန်းနံပါတ်ကို Hoseok ဆီကတောင်ပြီး ဆက်လိုက်တာပါ။ Taehyung ကိုမနှိုးတော့ဘဲ။ Jimin တစ်ယောက်ထဲပဲ Taehyung မိဘတွေအိမ်ကိုသွားလိုက်တယ်။ ဟိုရောက်တော့ အိမ်ကြီးက တိတ်ဆိတ်နေပြီး အလုပ်သမားတစ်ယောက်က Jimin ကို ရုံးခန်းတစ်ခုထဲကိုခေါ်သွားတယ်။ Taehyung အဖေရဲ့ ရုံးခန်း။
ESTÁS LEYENDO
I Don't Miss You [Uni/Zaw]
Romanceလူတွေကပြောကြတယ် ကျွန်တော့်ကိုမချစ်တတ်ဘူးလို့။ ဒါပေမဲ့ ကျွန်တော်အရမ်းချစ်တတ်တာပေါ့ အရမ်းချစ်ခဲ့မိလို့လဲ အခုဆိုနာကျင်နေရပြီလေ။ ကျွန်တော်သူ့ကိုမလွမ်းတော့ပါဘူး။ တကယ် I don't Miss You forever