💔part 17💔

981 72 0
                                    

Unicode

I Don't Miss You 17
Ep.17

"မနက်ဖြန် ကျွန်တော် hyung အိမ်ကိုလာခဲ့မယ်။ အကလေ့ကျင့်ကြတာပေါ့။"

ပြောလို့လဲမရဘူး။ ဒါပေမဲ့ Taehyung ကတော့ Jimin တွက် အရမ်းစိုးရိမ်နေတယ်။ မနက်ရောက်တော့ Taehyung တံခါးခေါက်လို့ လာဖွင့်ပေးလိုက်တော့ Jimin မဟုတ်ဘဲ Jungkook ဖြစ်နေတယ်။

"မင်းဘယ်လိုရောက်လာတာလဲ"

"အိမ်ထဲကို အရင်ဝင်ခိုင်းပါအုံး။ ပြီးမှပြော ကြတာပေါ့"

အိမ်ထဲရောက်တော့ ထိုင်ခုံပေါ်မှာထိုင်ခိုင်းလိုက်ပြီး Taehyung အအေးသွားဖျော်နေတယ်။ Yoontan လေးက Jungkook နားမှာလာအိပ်နေတယ်။

"Yoontan သားလေး။ လာပါအုံး။ သားလေးကိုအရမ်းလွမ်းနေတာ"

"Yoontan မင်းကိုမှတ်မိသားပဲ"

"ငါ့သားလေးပဲ ငါ့ကိုမှတ်မိတာပေါ့ ငါ့အချစ်ဆုံးသားလေးကို မင်းကိုပေးထားတာလေ"

"ဟုတ်ပါပြီ။ အအေးသောက်လိုက်အုံး။ အိမ်ကိုဘယ်လိုရောက်လာတာလဲ"

"Hoseok ကိုမေးလိုက်တာလေ။ ငါဒီနေ့ မင်းနဲ့ အတူတူနေမို့။ မင်းကိုကူညီမယ်လေ။ငါ့လက်ရာလဲချက်ကြွေးမယ်။"

နောက်ထက် တံခါး ခေါက်လာပြန်တယ်။ ဒီတစ်ခါတော့ Jimin ဆိုတာသေချာတယ်။

"မင်းနောက်ကျတာပဲ။ ငါကမင်းကိုစောင့်နေတာ။မနက်စာဝယ်လာမယ်ဆိုလို့လေ"

"ပါပါတယ်။ ကျွန်တော်နောက်ကျတာက
လမ်းပိတ်နေလို့"

Jimin အခန်းထဲကို ဝင်လာတော့
Jungkook ကိုတွေ့သွားတယ်။မျက်နှာပျက်သွားတာတော့ အမှန်ပဲ။

"Jimin ကိုယ့်ကိုမှတ်မိတယ်မလား။ Jungkook လေ"

"မှတ်မိပါတယ်။ Hyung ကလာလည်တာလား"

"ဟုတ်တယ်လေ။ ငါဒီနေ့မင်းတို့ကို ငါ့လက်ရာလာကြွားတာ။ချက်ကြွေးမလို့"

"ကဲပါ။ အရင်ဆုံးမင်းဝယ်လာတဲ့ မနက်စာသွားပြင်လိုက်တော့ငါဗိုက်စာနေပြီ။ Jungkook တွက်ပါ ထည့်ခဲ့လေ"

Jimin ဝယ်လာတဲ့မနက်စာတွေကို သွားထည့်ပြီး မနက်စာစားကြတယ်။ ဘာစကားမှ မပြောဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။

I Don't Miss You  [Uni/Zaw]Where stories live. Discover now