💔part 14💔

955 77 1
                                    

Unicode

"hyung ကျွန်တော့်ကို ဘောလုံးလေးပေးပါလား"
"ရပါတယ်ဗျ။ ကျွန်တော်လည်း ဘာမှမဖြစ်ပါဘူး။"
"hyung ကြည့်ရတာ တစ်ယောက်ထဲလား။ မပျင်းဘူးလား။
ကျွန်တော်တို့နဲ့ လာဆော့ပါလား။"
"ဆော့ချင်ပါတယ်ဗျ"

Jungkook လည်း Jimin တို့နဲ့ဘောလုံးလာကစားတယ်။ Jungkook ကိုတွေ့လိုက်တော့ Taehyung နဲ့ Hoseok အရမ်းကိုအံ့ဩသွားတယ်။

*သူကပြင်သစ်မှာမဟုတ်ဘူးလား။ ဘာလို့ပြန်ရောက်လာတာလဲ*

Taehyung စိတ်ပူသွားတာတော့အမှန်ပဲ။ Jungkook က Taehyung တို့ Beach ကိုစရောက်တဲ့နေ့ ကတည်းက Taehyung နောက်ကိုအမြဲတမ်းလိုက်နေခဲ့တာ။ Taehyung နဲ့ Jimin အကြောင်းကိုလည်း သိနေပြီးသား ဘောလုံးကစားပြီးတော့ အကုန်လုံးက ကိုယ့်အခန်းကိုကိုယ်ပြန်ပြီး နားကြတယ်။ Jimin ကတော့ Jungkook နဲ့စကားပြောပြီးကျန်ခဲ့တယ်။

"မေးဖို့မေ့နေတာ။ hyung နာမည်ဘယ်လိုခေါ်လဲ။ ကျွန်တော်က Jimin ပါ"
"ကိုယ့်နာမည်က Jungkook"

Jimin ကို Taehyung ပြောပြတုန်းက နာမည်ကိုမပြောပြခဲ့လို့ သူနာမည်ကိုမသိခဲ့ဘူး။

"hyung က ဘာအလုပ်လုပ်တာလဲ။"
"ကိုယ်က ဘာမှမလုပ်သေးဘူး။ ပြီးခဲ့တဲ့အပတ်ကမှ ဘွဲ့ရထားဆိုတော့။ ဒါနဲ့မင်းနဲ့ Taehyung ဆိုတဲ့တစ်ယောက်နဲ့က ချစ်သူတွေလား။"

"ကျွန်တော်တို့က ချစ်သူတွေဗျ"

Taehyung က Jimin ကိုလာခေါ်ရင်းနဲ့ Jungkook နဲ့စကားပြောနေတာကိုတွေ့တော့ ပြေးလာပြီး Jimin ကိုဆွဲခေါ်တယ်။

"လာသွားမယ်။"

"ဘယ်လဲ ကျွန်တော်လေညှင်းခံချင်သေးတယ်"

"လာဆို သွားမယ်။ မင်းကိုငါပြောစရာရှိတယ်။ နောက်ဆို ငါမပါဘဲကမ်းခြေဘက်ကိုမလာနဲ့"

"ဘာကြီးလဲ။ ကျွန်တော့်ကိုမချုပ်ချယ်ပါနဲ့။ ကျွန်တော်မကြိုက်ဘူး"

"ကိုယ်ပြောတာက လာပါကွာ သွားရအောင်"

"ဒါနဲ့ မင်းက သူ့ကိုတော်တော်ချစ်တာပဲ"

"ချစ်တယ်။ ငါ့အသက်ထက်ကိုပိုချစ်တယ်"

Taehyung က Jimin ကိုအတင်းခေါ်သွားတယ်။ ခုနက Taehyung ပြောလိုကတဲ့ စကားက Jungkook ကိုသေအောင်သတ်နေတဲ့အတိုင်းပဲ။

I Don't Miss You  [Uni/Zaw]Onde histórias criam vida. Descubra agora