💔part 9💔

1.1K 91 0
                                    

Unicode

"Hyung တို့မြင်များသွားလားမသိဘူး"

Tae Hyung မြင်များသွားလားဆိုပြီး လန့်နေတယ်။ Jimin ကတော့အကြောင်းဆုံကိုမသိတော့ အေးအေးဆေးဆေးဘဲ။

"ဘာကိုမြင်မှာလဲ တံခါးပိတ်ထားတာပဲကို"
"မဟုတ်ဘူး။ daddy Lock ချဖို့မေ့သွားတယ်"

Jimin လည်းလန့်သွားတယ်။ Lock မချခဲ့ဘူးဆိုတော့ အခန်းထဲတော့ ဝင်လာကြမယ်ဆိုတာသိလိုက် တယ်လေ။ ရှက်ရှက်နဲ့‌ ရေမြန်မြန်ချိုးပြီး ညစာစားမဲ့နေရာကိုလာခဲ့ကြတယ်။

"ကြာလိုက်တာကွာ။ ဘာလို့ကြာနေရတာလဲ"

Seokjin တစ်ယောက် မသိသလိုနဲ့မေးလိုက်တယ်။

"Hyung တို့မှန်မှန်ဖြေနော် ခုနက မြင်သွားကြတယ်မလား"

Tae Hyung မေးလိုက်တော့မှ ဝန်ခံလိုက်ကြတယ်။ Jimin ကတော့ရှက်လွန်းလို့ ဘာပြောရမှန်းကိုမသိဘူး။

"ဘာရှက်စရာလိုလိုလဲကွာ။ ငါတို့နားလည်ပါတယ်။ ငါတို့လဲ တစ်နေ့လုပ်ကြမှာပဲကို"
"ဘာတွေပြောနေတာလဲ။ ကျွန်တော်မလုပ်ပါဘူး"

Nanjoom ပြောတာကို ငြင်းလိုက်တာက Hoseok။

"မင်းမလုပ်ဖူးဆိုတာသေချာလို့လား။"

Yoongi ရဲ့အကြည့်တွေက အစမ်းလိုက်ဝါးစားတော့မဲ့အတိုင်ပဲ ကြောက်စရာကောင်းတယ်။ Hoseok ကတော့ ကြောင်ကြီးရဲ့ လက်အောက်က ကြွက်ကလေးတစ်ကောင်အတိုင်းပဲ။

"ကဲပါ ငါတို့အမှတ်တရ ပစ္စည်းလေးတွေပေးကြမယ်။ ပြီးရင် မီးရှူးမီးပန်းတွေလွှတ်ကြမယ်"

အမှတ်တရပစ္စည်းပေးဖို့ကို အကြီးဆုံးအတွဲကပဲ အရင်ပေးကြတယ်။ Nanjoom က Seokjin အတွက် နားကပ်လေးကို Seokjin နားမှာတပ်ပေးလိုက်တယ်။ N ဆိုတဲ့စာလုံးပါတဲ့ နားကပ်လေး။ Seokjin ကလည်း Seokjin ကလည်း Nanjoom အတွက် S ဆိုတဲ့ စာလုံးလေးပါတဲ့ ဆွဲကြိုးလေးကို ဆွဲပေးလိုက်တယ်။ အပြီးမှာတော့ လက်ခုပ်သံ တစ်ဖြောင်းဖြောင်းနဲ့ ဂုဏ်ပြုလိုက်ကြတယ်။ Hoseok နဲ့ Yoongi ကတော့ အမှတ်တရပစ္စည်းမဝယ်ခဲ့ရလို့ စိတ်မကောင်းဖြစ်နေတယ်။ Nanjoom ကသူဝယ်လာတဲ့ Hoseok နဲ့ Yoongi အတွက် တယ်လာပေးတဲ့ ဆွဲကြိုးလေးနဲ့ နားကပ်လေးကို ပေးလိုက်တယ်။ သူတို့၂ယောက်လဲ အပြန်အလှန် ဆွဲပေးလိုက်ကြတယ်။ အငယ် ၂ ယောက်အလှည့် လဲအတူတူပဲ ကြည်ကြည်နူးနူး ဆွဲပေးလိုက်ကြတယ်။ မီးရှူးမီးပန်းတွေ ပစ်မဲ့အချိန်ရောက်တော့ အကြီး အတွဲ ၂ တွဲကမီးရှူးမီးပန်းတွေကို ပင်လယ်နားသွားပြီး ပစ်ဖောက်နေပင်မဲ့ Tae Hyung နဲ့ Jimin ကတော့ သဲသောင်ပြင်ပေါ်မှာပဲနေခဲ့ကြတယ်။

I Don't Miss You  [Uni/Zaw]Where stories live. Discover now