💔part 20💔 final

1.8K 73 1
                                    

အိမ်ကိုတမ်းမပြန်ဘဲနဲ့ စိတ်သက်သာရာရစေမဲ့နေရာ တစ်ခုက ခုံလေးပေါ်မှာ ထိုင်လိုက်ပြီး ငိုချလိုက်တယ်။ ဘာမှပြောစရာမရှိပဲ ငိုနေရတယ်။ ရုတ်တရပ် နောက်ကနေ တစ်စုံတစ်ယောက်က သူ့ပုခုံးပေါ်ကို လက်တင်ပြီး သူ့မျက်ရည်တွေကို သုတ်ပေးလိုက်တယ်။ လှည့်ကြည့်လိုက်တော့ Kim Taehyung ဖြစ်နေတယ်။
"မင်းဘာလို့ငိုနေတာလဲ"
"မင်းကရော ဘယ်ကနေဘယ်လိုရောက်လာတာလဲ''
"ငါမင်းအိမ်ကထွက်သွားတော့ ငါ့ဆီကို Hoseok ဖုန်းဆက်ပြီး
မင်းဖုန်းနံပါတ်ကိုတောင်းတယ်လို့ပြောတယ်။ ပြီးတော့မင်းက
အိမ်ကထွက်သွားတယ်။ ငါမင်းနောက်ကိုလိုက်လာခဲ့တာ။ မင်းကို
appa ဘာတွေပြောလိုက်တာလဲ"
"ဘာမှမပြောပါဘူး။ မင်းကိုဂရုစိုက်ပေးဖို့ပြောတာပါ"
"Jimin မင်းဘာလို့ လိမ်နေရတာလဲ။ ငါ့ကိုအမှန်အတိုင်းပြောပါနော်"
"မလိမ်ပါဘူးကွာ တကယ်ပြောနေတာပါ။"

Jimin ညာနေတယ်ဆိုတာ Taehyung သိနေတယ်။ Jimin ကလည်း မပြောပြဘူး။ Jimin ကိုဖတ်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ Taehyung လည်းမျက်ရည်တွေထိန်းထားရတယ်။ အိမ်ကိုပြန်လာကြပြီး မနက်ရောက် တော့ အကပွဲအတွက် ပြင်ဆင်နေကြတယ်။ ညနေ ၅ နာရီမှ အကပွဲက စမှာ။ Jimin ညကတစ်ညလုံးမအိပ်ဘဲ ငိုနေခဲ့တာကြောင့် မနက်ရောက်တော့ အားသိပ်မရှိဘူး။ ရိုင်ထိုးရိုင်ထိုးနဲ့ သွားနေရင်းကနေ မူးလဲသွားတယ်။

"Jimin ဘာဖြစ်တာလဲ"

Taehyung ပြေးလာပြီး Jimin ကိုဆေးရုံတင်လိုက်တယ်။ အရမ်းစိတ်ပူနေတယ်။ အရင်တုန်းကလည်း ဖြစ်ခဲ့ဖူးတော့ အရမ်းကိုကြောက်နေတယ်။ ခဏအကြာမှာပဲ Jimin နိုးလာခဲ့တယ်။

"Jimin မင်းနေမကောင်းဖူးဆိုတော့ မင်းမကနဲ့တော့
ငါတို့ရှုံးလဲ ကိစ္စမရှိဘူး"
"မရဘူး။ ငါကတိပေးထားတယ်။ ရအောင်ကမယ်။
ဘာမှမဖြစ်ဘူး"
"Jimin မင်းကိုမကရဘူးလို့ပြောနေတယ်လေ။"
"ကျွန်တော့်ကိုမအော်ပါနဲ့"

Jimin ကုတင်ပေါ်ကနေထသွားတယ်။ ဆေးအပ်တွေကိုဖယ်ပြီးတော့ ထသွားတယ်။ အကပွဲကျင်းပမဲ့ နေရာကို ရောက်အောင်သွားပြီး ပြင်ဆင်နေစရာရှိတာပြင်ဆင်နေတယ်။ Taehyung ကတော့အဝေးကပဲ လှမ်းကြည့်နေပြီး Jimin ကိုထပ်ဆုံးရှုံးရမှာ ကြောက်နေတယ်။ သူတို့ ၂ ယောက်ကိုအားပေးဖို့ Seokjin, Hoseok, Nanjoom, Yoongi တို့ရောက်လာကြတယ်။

I Don't Miss You  [Uni/Zaw]Tahanan ng mga kuwento. Tumuklas ngayon