ဒီနေ့က ချစ်သူတွေအတွက်အပျော်ဆုံးနေ့နဲ့ စောင့်မျှော်နေရတဲ့ နေ့တစ်နေ့ပေါ့။ အဲ့ဒီနေ့မှာ Taehyung ကလည်း သူ့ချစ်သူ Jimin လေးအတွက် surprise တွေလုပ်ထားသေးတယ်လေ။ သူ့ဆရာ Namjoon ရယ် Yoongi တို့နဲ့တိုင်မင်ထားကြတယ်။ ဘာလုပ်ဖို့စီစဉ်ထားလဲတော့မသိဘူး။ အိပ်ပျော်နေတဲ့ Jimin ရဲ့နှဖူးလေးကို ဒီနေ့ရဲ့အဦးဆုံးအနမ်းလေးတစ်ပွင့်ခြွေလိုက်တယ်။ သူကို နမ်းလိုက်လို့ မျက်လုံးဖွင့် ကြည့်လိုက်ပြီး ပြန်အိပ်သွားတယ်။
"ထတော့လေ ဘာလို့ပြန်အိပ်မှာလဲ"
"အစောကြီးရှိသေးတာကို ငါနာရီကြည့်ပြီးပြီ ၉ နာရီဘဲရှိသေးတယ်။"
"ဒီနေ့ကမတူဘူး။ ထတော့"
"ဒီနေ့ကဘာနေ့မို့လို့လဲ။ Saturday မဟုတ်ဘူးလား။"
"ဟုတ်တယ်။ 13 ရက်နေ့လေ"
"အေးလေ။ သိရင်လဲပြီးရော"
"မင်းတကယ်မသိခြင်ထောင်ထောင်နေတာလား။ ခြင်ကိုက်မှာစိုးလို့လား""ဂျပိုးကိုက်မှာဆိုးလို့။ မှားလို့ TATA ကိုက်မှာဆိုးလို့။ သိပါတယ်။ ဒီနေ့ V day မဟုတ်လား"
"သိရင်ဘာလို့ပြောနေသေးလဲ။ ထတော့ မင်းကို Namjoon Hyung တို့နဲ့ Jungkook တို့စောင့်နေတယ်။ ငါတို့သွားရမယ်"
ဘာမပြောညာမပြောနဲ့ထွက်သွားတယ်။ Jimin ကလည်းဘာလုပ်ထားလဲဆိုတာသိချင်လို့ မြန်မြန် ရေချိုးပြီး ထွက်လာတယ်။ သူ့ကို Taehyung ဘယ်နေရာခေါ်သွားလဲမသိဘူး။ အိမ်တစ်အိမ်ကို ခေါ်သွားတယ်။ အိမ်ထဲမှာကလည်း balloon တွေနဲ့အလှဆင်ထားပြီး သူတို့ကျောင်းက သူတို့ကို အားကျပြီး သဘောကျကြတဲ့ သူငယ်ချင်းတွေအကုန်ရောက်နေတယ်။ ထူးစမ်းတာက Cake က ၃ ခုဖြစ်နေတယ်။ Cake ခုလုံးကိုမဖွင့်ထားသေးဘူး။ Taehyung Jimin ကို Jin နဲ့ Hoseok နားကိုပို့လိုက်ပြီး သူကဘယ်ရောက်သွားမှန်းမသိဘူး။ ပျောက်သွားတယ်။
"Taehyung ရော ခုနကကျွန်တော်နဲ့အတူရှိနေတာပါ"
"ဟုတ်တယ်။ ငါလဲ Namjoon ပျောက်နေတာ။"
"ကျွန်တော်လဲ Yoongi ပျောက်နေတာ။ ဘယ်ထွက်သွားကြတာလဲမသိဘူး။"
ရုတ်တရပ်အခန်းတစ်ခန်းလုံး အမှောင်ကျသွားတယ်။ နောက်တော့ BTS ရဲ့ Best Of Me Jm အပိုဒ်ကို လူတွေအကုန်လုံးကြားလိုက်ရတယ်။ JK ရဲ့ "Just One more Time" ဆိုတဲ့အပြီးလေးမှာ မီးပြန်ပွင့်လာတယ်။ Jimin, Jin, Hoseok အရမ်းအံ့ဩသွားတယ်။ ဘာလို့လဲဆိုတော့ Jimin ရဲ့ရှေ့မှာ Taehyung, Jin ရဲ့ရှေ့မှာ Namjoon, Hoseok ရဲ့ရှေ့မှာ Yoongi တို့ကဒူးထောက်ပြီး သူတို့အတွက် စတုရန်းပုံစံအပြားတစ်ချပ်ကို သူတို့ ၃ ယောက်ကို ပေးလိုက်တယ်။
![](https://img.wattpad.com/cover/246682447-288-k806081.jpg)
KAMU SEDANG MEMBACA
I Don't Miss You [Uni/Zaw]
Romansaလူတွေကပြောကြတယ် ကျွန်တော့်ကိုမချစ်တတ်ဘူးလို့။ ဒါပေမဲ့ ကျွန်တော်အရမ်းချစ်တတ်တာပေါ့ အရမ်းချစ်ခဲ့မိလို့လဲ အခုဆိုနာကျင်နေရပြီလေ။ ကျွန်တော်သူ့ကိုမလွမ်းတော့ပါဘူး။ တကယ် I don't Miss You forever