💔part 10💔

1K 83 2
                                    

Unicode

Taehyung လည်းစိတ်ပူပြီး ချက်ချင်းဆေးခန်းပို့ လိုက်တယ်။ ဆရာဝန်ပြောတာက

"၅ ရက်လောက်တော့ ဘာမှမလုပ်ပဲ နေရင်ပိုကောင်းမယ်။ ခြေထောက်က
ဒဏ်ရာကပိုကြီးတယ်ဆိုတော့ အကယ်၍ လှုပ်လှုပ်ရှားရှားလုပ်မယ်ဆို ပိုဆိုးလာလိမ့်မယ်။"

"မဖြစ်ဘူးထင်တယ်ဆရာ ကျွန်တော်တို့က သဘက်ခါဆိုရင် အကပြိုင်ပွဲရှိတယ်။
ကျွန်တော်ကမှရမှာဆရာ"

"ဆရာပြောချင်တာက မင်းမကတာပိုကောင်းမယ်"

ဆရာဝန်ကမကဖို့ပြောသွားပင်မဲ့ Jungkook ကတော့ကမယ်ပဲ ဇွတ်ပြောနေတယ်။ ဆေးခန်းက ပြန်လာပြီး ကားပေါ်ရောက်တော့

"မင်းမကပါနဲ့တော့ ငါတိုဒီနှစ်ရှုံးလဲ ဘာမှမဖြစ်ဘူး။ နောက်နှစ်ပေါ့"

"ဒါပေမဲ့ ကျွန်တော် ဘယ်တော့မှမရှုံးချင်ဘူး။ ရှုံးခဲရင် အရှုံးကို ခံနိုင်ရေ
မရှိဘူး"

"ဒါပေမဲ့ မင်းဒဏ်ရာက အရေးကြီးတယ်လေ။"

"ဘယ်လောက်ပဲအရေးကြီးကြီးကျွန်တော်ရအောင်ကမယ်"

ပြောမရတော့လဲ မ‌ပြောတော့ဘဲ ကားကိုသာဆက်မောင်းတော့တယ်။ အကကတော့ မလေ့ကျင့်နိုင်တော့ ဘူး။ အကပွဲနေ့ရောက်တော့ Taehyung က Jungkook ကိုဝင်ခေါ်ပြီး အကပွဲနေရာကိုသွားကြတယ်။ Jungkook ခြေထောက်က မနည်းထောက်နေရတာ ကဖို့ဆိုရင်ဘယ်လိုမှအဆင်မပြေဘူး။ အကပွဲနေရာ ကိုရောက်တော့ လူတွေကလည်း ခမ်းမကြီးထဲမှာ သူတို့ကိုအားပေးဖို့တွက် ရောက်နေကြပြီ။ Taehyung နဲ့Jungkook လည်း အနောက်မှာ အဝတ်အစားလဲနေကြတယ်။ သူတို့အလှည့်ရောက်ဖို့ကို‌ ထိုင်စောင့်နေကြတယ်။ အရှေ့မှာလည်း သူတို့နဲ့ ပြိုင်ရမဲ့ မေဂျာကအရင်ကနေကြပြီ။ မိနစ်အနည်းငယ်မှာ သူတို့အလှည့်ရောက်လာတယ်။

"hyung ကျွန်တော်တို့ လုပ်နိုင်ပါတယ်နော်။"

"လုပ်နိုင်ပါတယ်။ ငါတို့ကတော်ပြီးသားလေ"

Taehyung က Jungkook ကိုသာအားပေးစကားပြောရတာ သူကိုယ်တိုင်က သူတို့ရှုံးမယ်ဆိုတာ ကြိုသိနေတဲ့အတွက် မငိုချရုံပဲရှိတယ်။ စိတ်ထဲကတော့ Jungkook ကိုလည်းသနား။ သူတို့မေဂျာကို လည်း အရမ်းအားနာနေတယ်။ မကြာခင်မှာပဲ stage ပေါ်တက်ခဲ့တယ်။ အောက်က လူတွေက လည်းသူတို့ကို အားပေးနေကြတယ်။

I Don't Miss You  [Uni/Zaw]Donde viven las historias. Descúbrelo ahora