Unicode
"ဒီ Key Card ကဘာလုပ်ဖို့လဲ။"
"မင်းနေနေတဲ့ တိုက်ခန်းကို omma ရောင်းမလို့။ အဲ့ဒါ မင်းတွက်တိုက်ခန်းသစ်တစ်ခု စီစဉ်ပြီးပြီ ဒီညအထုပ်တွေသိမ်းထားလိုက်တော့မနက်ရောက်တာနဲ့ မင်းရဲ့ အခန်းသစ်မှာ သွားနေတော့"
"omma ရယ် သားကိုတော့တိုင်ပင်သင့်တာပေါ့"
"အခုဟာက omma သူငယ်ချင်းရဲ့ သမီးကသားနေတဲ့ အခန်းကိုသဘောကျလို့တဲ့ အဲ့ဒါသူ့ကိုရောင်းလိုက်မလို့။ သားရယ် အခုအမေစီစဉ်တာကိုတော့လက်ခံနော်သား"
"လက်ခံပါတယ်။ ဒါဆိုဒီအိမ်ကသားအခန်းမှာရှိတဲ့ ပစ္စည်းတစ်ချို့သွားယူချင်လို့ရလား"
Tae Hyung က Jimin ကိုခေါ်ပြီး ဒီအိမ်မှာရှိတဲ့ သူ့ရဲ့အခန်းကိုသွားပြီး လိုကျန်ခဲ့တဲ့ ပစ္စည်းတစ်ချို့ သွားယူတယ်။လှေကားမှာ သူ့အစ်ကို Chanyeon နဲ့တွေ့တယ်။
"ကိုတော်ချောလေး အိမ်ကိုပြန်လာတာလား။ ဒါနဲ့နောက်က တစ်ယောက်က
အသစ်လေးလား""အကိုနဲ့ဘာဆိုင်လို့လာပြောနေတာလဲ။ လမ်းဖယ်ပေးပါ"
"ဟိတ် နောက်ကအပုလေး မင်းကသူ့ရဲ့ နောက်တစ်ယောက်လား"
Jimin တစ်ယောက် သူ့ကို အပုလေးလို့ခေါ်လိုက်လို့ ဒေါသဖြစ်သွားပင်မဲ့ သည်းခံလိုက်ရတယ်။
"ကျွန်တော်က သူ့သူငယ်ချင်းပါဗျ"
"သူငယ်ချင်းတဲ့လား"
'အကိုနဲ့ဘာဆိုင်လို့ လာပြောနေတာလဲ။ ဖယ်ပါ"
Tae Hyung က Chanyeon ကိုဘေးကိုတွန်းလိုက်တယ်။ Tae Hyung အခန်းထဲကို ရောက်တော့ အခန်းထဲက သူလိုတဲ့ပစ္စည်းတစ်ချို့ကို ရှာနေတယ်။ Jimin ကတော့ နူးညံ့တဲ့ မွေ့ယာကြီးပေါ်ကို လှဲချပြီး ဇိမ်ကျနေတယ်။
"မင်းနေခဲ့မှာလား။ ငါပြီးပြီ"
"မနေပါဘူး။ လိုက်မှာပေါ့လို့"
Tae Hyung အိမ်ပေါ်ကဆင်းလာတာပြီး ဘယ်သူ့ကိုမှ နှုတ်မဆက်ဘဲ ထွက်သွားတယ်။ Tae Hyung ကိုမေးစရာတွေJimin မှာအများကြီးပဲလေ။ ကားပေါ်ရောက်တော့မှပဲ မေးလိုက်တော့တယ်။
YOU ARE READING
I Don't Miss You [Uni/Zaw]
Romanceလူတွေကပြောကြတယ် ကျွန်တော့်ကိုမချစ်တတ်ဘူးလို့။ ဒါပေမဲ့ ကျွန်တော်အရမ်းချစ်တတ်တာပေါ့ အရမ်းချစ်ခဲ့မိလို့လဲ အခုဆိုနာကျင်နေရပြီလေ။ ကျွန်တော်သူ့ကိုမလွမ်းတော့ပါဘူး။ တကယ် I don't Miss You forever