🔞🔞🔞
မှောင်မယ်နော်😁
SeokJin ပြောတာကို အကုန်လုံးလက်ခံလိုက်ကြပြီး ဈေးထဲကို အတွဲကိုယ်စီနဲ့ လူစုခွဲပြီး သွားကြတယ်။
အဆင်မပြေတာကတော့ Yoongi နဲ့ Hoseok ပဲလေ။ သူတို့ဈေးဝယ်နေတာကလဲ ထများသတ်မလားပဲ။"hyung Yoongi ကျွန်တော့်ကို ဘာဝယ်ပေးမှာလဲ"
"ကိုယ့်ဘာသာကိုဝယ်ပါ့လား"
"ခုနက hyung Nanjoom ပြောသွားတာမကြားဘူးလား"
"ဇယားလာမရှုပ်နဲ့ မင်းဘာသာမင်းဝယ်"Yoongi စကားပြောနေတာကို ထွက်သွားတော့ ဟိုကစိတ်တိုပြီပေါ့ Hoseok က Yoongi လက်ကိုလှမ်းဆွဲ ပြီးလှည့်လိုက်တဲ့အချိန်မှာ Yoongi ခေါင်းတွေအရမ်းမူးလာပြီး Hoseok လက်ပေါ်မှာ သတိရတစ်ချက် မေ့တစ်ချက်ဖြစ်သွားတယ်။ Hoseok ကပွေ့ပေးထားတယ်။
"ဘာဖြစ်သွားတာလဲ။ မေ့သွားတာလား။ ငါဘာလုပ်မိလို့လဲ"
Hoseok တစ်ယောက်တွေဝေမနေတော့ပဲ လာနေတဲ့ Taxi ကိုတားလိုက်တယ်။ Yoongi ကိုခေါ်ပြီး Hotel ကိုအရင်ပြန်လိုက်တယ်။ Nanjooom ဆီကို သူတို့သွားပြီဆိုတဲ့အကြောင်း message ပို့လိုက်တယ်။
"Hoseok တို့က Hotel ပြန်သွားကြပြီတဲ့။ ဘာမှလဲမဝယ်ရသေးဘူးတဲ့။Yoongi မူးလဲလို့တဲ့"
"ဖြစ်ရမယ်။ ငါတို့ပဲသူတို့တွက် ဝယ်ပေးလိုက်ကြမယ်လေ"
Nanjooom တို့ပဲ Hoseok နဲ့ Yoongi အတွက် အမှတ်တရပစ္စည်းလေးတွေဝယ်ပေးလိုက်ကြတယ်။
Taehyung နဲ့ Jimin ကတော့ အမှတ်တရပစ္စည်း ၂ ခုဝယ်ပြီးသွားကြပြီ။"hyung နေကအရမ်းပြင်တော့ အခုချိန် အအေးလေးများသောက်လိုက်ရရင်တော့"
"သောက်ချင်ရင်သောက်ချင်တယ် ပြောပေါ့။ ဝယ်တိုက်မှပေါ့"
ပစ္စည်းတွေရယ်၊ ဓာတ်ပုံတွေရိုက်ပြီးပြီဆိုတော့ Jimin အအေးဝယ်ပြီးတာနဲ့ အကုန်လုံး Hotel ကိုပြန်လာ ကြတယ်။ Hotel မှာတော့ Hoseok တစ်ယောက် Yoongi နဲ့တိုင်ပတ်နေတယ်။ ဆေးခန်းကဝင်ပြပြီးပြီ ဆရာဝန်ပြောလိုက်တာက Yoongi ကိုနွေးနွေးထွေးထွေးထားပြီး သူ့နားမှာပြုစုပေးဖို့ပဲ။ ဒါပင်မဲ့ Hoseok ကတစ်ခါမှမလုပ်ဖူးတော့ တိုင်ပတ်တာပေါ့။ ရေပတ်တိုက်ပေးဖို့ ပန်းကန်ထဲကို အဝတ်စတစ်ခုရယ် ရေအနည်းငယ်ရယ်ထည့်ပြီး အိပ်ယာပေါ်မှာ အိပ်နေတဲ့ Yoongi ကို သေချာကြည့်နေတယ်။
![](https://img.wattpad.com/cover/246682447-288-k806081.jpg)
KAMU SEDANG MEMBACA
I Don't Miss You [Uni/Zaw]
Romansaလူတွေကပြောကြတယ် ကျွန်တော့်ကိုမချစ်တတ်ဘူးလို့။ ဒါပေမဲ့ ကျွန်တော်အရမ်းချစ်တတ်တာပေါ့ အရမ်းချစ်ခဲ့မိလို့လဲ အခုဆိုနာကျင်နေရပြီလေ။ ကျွန်တော်သူ့ကိုမလွမ်းတော့ပါဘူး။ တကယ် I don't Miss You forever