Unicode
"Hoseok လိုက်အုံးမလား။ ငါ နေ့လည်စာသွားစားမလို့။"
"မလိုက်တော့ပါဘူး။ ငါစာတွေမပြီးသေးဘူး။ ငါ့အတွက် Sushii တစ်ပွဲနဲ့ Surprised တစ်ဗူးသာဝယ်ခဲ့ပေးပါ"
"အေးအေး ငါသွားတော့မယ်"Tae Hyung နဲ့ Hoseok ကတော့ငယ်ငယ်လေးထဲက ခင်လာတာဆိုတော့ အရမ်းခင်ကြတယ်လေ။ Tae Hyung လဲကျောင်းက စားသောက်ဆိုင်မှာ နေ့လည်စာသွားစားတယ်။ လမ်းမှာ ကောင်မလေးတစ်ချို့က Tae Hyung ကိုဓာတ်ပုံရိုက်ခွင့်တောင်းတယ်။
"oppa ဓာတ်ပုံရိုက်ခွင့်ပြုပါလား"
"ဘာလုပ်ဖို့ရိုက်မှာလဲ။ တစ်ခြား ချောတဲ့အကောင်တွေလဲ ရှိပါတယ်။ ဘာလို့ငါ့ကို ဇယားလာရှုပ်နေရတာလဲ"
"အဲ့လိုလဲမဟုတ်ပါဘူး။ oppa နဲ့ပဲရိုက်ချင်လို့ပါ"
နောက်ကနေလှမ်းကြည့်နေတဲ့ Jimin ကဝင်ကူပြီးဖြေရှင်းပေးရတော့တယ်။
"ညမတို့ သူကမရိုက်ချင်ဘူးဆိုရင် အကိုနဲ့ရိုက်လို့ရပါတယ်နော်"
"ကျေးဇူးပါနော် oppa"
Jimin နဲ့ပဲဓာတ်ပုံရိုက်လိုက်ရတော့တယ်။ ဝင်ကူပြီးဖြေရှင်းပေးလိုက်လို့ Jimin ကပျော်နေလေရဲ့။
"ဒါနဲ့ Hyung အခုနေ့လည်စာသွားစားမှာလား။ ကျွန်တော်လိုက်ခဲ့မယ်နော်"
"ဘာလိုက်လုပ်မှာလဲ မင်းက"
"ကျွန်တော့်ကို နေ့လည်စာလိုက်ကြွေးလေ။ ကျွန်တော်အရမ်းဗိုက်စာနေပြီ။
ခုနက ကူညီခဲ့တာပဲလေနော်။ လိုက်ကြွေးပါနော် နော် နော် နော်လို့""လာချွဲမနေနဲ့။ ဒီတစ်ခါပဲရမယ်။ ခုနကကူညီခဲ့တဲ့အတွက်။"
Jimin အရမ်းပျော်သွားတယ်။ (ကိုယ်ကြိတ် Crush နေတဲ့သူနဲ့ အတူတူနေ့လည်စာစားရမယ်ဆိုရင် မပျော်တဲ့သူများရှိနိုင်မလားနော်။) စားသောက်ဆိုင်ရောက်တော့ ဆိုင်ရဲ့ အကောင်းဆုံး menu တွေကို အကုန်မှာစားလေရဲ့။
"Hyung ရောဘာမှာအုံးမလဲ။"
"ကျွန်တော့်အတွက် cap noodle တစ်ပွဲနဲ့ Coke တစ်ဗူးပဲပေးပါ။ ပြီးတော့ Sushii တစ်ပွဲနဲ့ Surprised တစ်ဗူး ကိုပါဆယ်ပြင်ပေးထားပါနော်"

KAMU SEDANG MEMBACA
I Don't Miss You [Uni/Zaw]
Romansaလူတွေကပြောကြတယ် ကျွန်တော့်ကိုမချစ်တတ်ဘူးလို့။ ဒါပေမဲ့ ကျွန်တော်အရမ်းချစ်တတ်တာပေါ့ အရမ်းချစ်ခဲ့မိလို့လဲ အခုဆိုနာကျင်နေရပြီလေ။ ကျွန်တော်သူ့ကိုမလွမ်းတော့ပါဘူး။ တကယ် I don't Miss You forever