💔part 15💔

980 83 2
                                    

Unicode

"ခုနက ကလေးကဘယ်သူလဲဟင်"

"ခုနက Jungkook ရဲ့တူလေး။"

"ဒါဆို hyung တို့ကသိနေကြတာပေါ့"

"ကိုယ်တို့က သူငယ်ချင်းတွေလေ။"

"ဒါကိုဘာလို့ မသိသလိုတွေနေနေကြတာလဲ"

"ကိုယ်တို့က အခုမှပြန်တွေ့ကြတော့ နဲနဲစိမ်းနေတာပါ"

အခန်းထဲကို Hoseok ရောက်လာတယ်။

"hyung တို့သောက်ဖို့ ကျွန်တော် တစ်ခုခုသွားယူလိုက်အုံးမယ်နော်"

Jimin လည်းထွက်သွားတော့ Hoseok သိချင်တာတွေမေးတော့တယ်။

"သူကဘယ်လိုရောက်လာတာလဲ။ ပြီးတော့သူ့မိဘတွေကရောဘယ်ရောက်ကုန်တာလဲနော်။"

"ငါလဲမသိဘူး။ ငါအခုတိုင်ပတ်နေပြီ။ ငါ Jimin ကိုဒီအကြောင်းတွေပြောပြလိုက်လို့ရတယ်။ သူလက်ခံနိုင်တယ်။ ဒါပေမဲ့သူခံစားရမှာ ငါမလိုလားဘူး"

'မင်းဟာကလည်းနော် အခုဆို တော်တော်မလွယ်ဘူးပဲ။ မင်းသူနဲ့စကားပြောကြည့်ပါလား။"

"အေး ငါဒီနေ့ည သူနဲ့ချိန်းလိုက်မယ်။"

ညရောက်တော့ ကမ်းခြေဘေးနားမှာ Taehyung နဲ့ Jungkook စကားပြောကြတယ်။ အကြောင်းတွေကို သေချာမသိဘဲ Taehyung လေသံမာမာနဲ့ပြောလိုက်တယ်။

"မင်းငါတို့ကို ဘာလာနှောက်ယှက်တာလဲ"

"ကျွန်တော်နှောက်ယှက်တာမဟုတ်ဘူး"

"ဒါဆိုဘာလဲ ငါနဲ့ပြန်တွဲချင်နေတာလား။"

"အစကတော့ ပြန်တွဲမို့ပါပဲ။ အခုတော့မတွဲတော့ပါဘူး"

"ငါကလည်း မင်းနဲ့ ဘယ်တော့မှ မတွဲတော့ဘူး။ မင်းကြောင့်ငါ့အချိန်တွေကုန်ခဲ့ရတယ်။ ငါမင်းကိုမချစ်တော့ဘူး။ မင်းမိဘတွေကငါ့ကို ဘယ်လိုတွေပြောခဲ့လဲဆိုတာ မင်းသိပါတယ်။"

"ကျွန်တော်သိပါတယ်။"

"ဒါဆိုထွက်သွားလိုက်တော့လေ"

Taehyung က Jungkook ရှင်းပြဖို့ကို အချိန်မပေးပဲ သူပြောချင်တာတွေကိုပဲ ဇွတ်ပြောနေတယ်။

"ကျွန်တော် ပြင်သစ်ရောက်ပြီး မကြာခင်မှာပဲ မိဘတွေဆုံးခဲ့တယ်။ ကျွန်တော့် မိဘမရှိဘဲ တစ်ယောက် ထဲ ပြင်သစ်ဆိုတဲ့နိုင်ငံကြီးမှာဆက်နေခဲ့ရတယ်။ ကျွန်တော်ဘယ်လောက် အထီးကျန်လိုက်မလဲ ကျွန်တော် အကပွဲအကြောင်းပြန်စဉ်းစားမိပြီး hyung ကိုအားနာမိတယ်။ ကျွန်တော် ကြိုးစားခဲ့ပင်မဲ့ ကျွန်တော့်ရဲ့ ဒဏ်ရာကြောင့် ကျွန်တော်မလုပ်နိုင်ခဲ့ဘူး။ ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် တစ်နေ့မှ hyung ကိုမေ့လို့မရခဲ့ဘူး။ အခုလာတယ်ဆိုတာကကျွန်တော် hyung အချစ်ကိုပြန်ရဖို့တွက် ဒါပေမဲ့ ကျွန်တော် မရနိုင်တော့ဘူးလေ။ကျွန်တော်ဇွတ်မယူပါဘူး။ hyung ကထွက်သွားဆိုရင် ကျွန်တော်ထွက်သွားမှာပါ"

I Don't Miss You  [Uni/Zaw]Where stories live. Discover now