💔part 18💔

935 73 0
                                    

Jimin တစ်ယောက်ထဲ လမ်းထိပ်က ၂၄ နာရီဆိုင်ကို ထွက်လာခဲ့တယ်။ လမ်းမှာ ခွေးက ကို့လို့ကန့်လန့် လုပ်နေတယ်။ Jimin စိတ်မရှည်ဘဲနဲ့ ခွေးကို ခြေထောက်နဲ့သွားကန်တော့ ခွေးက Jimin ကိုလိုက်ကိုက်တယ်။ ထွက်ပြေးတာများ ကလေးလေးတစ်ယောက်အတိုင်းပဲ ချစ်စရာလေး။ ဝယ်စရာရှိတာတွေ မဝယ်တော့ဘဲ အိမ်ကို ပြန်လာခဲ့တယ်။

“မြန်လိုက်တာ။”

“ကျွန်တော် မဝယ်ခဲ့လိုက်ရဘူး။ လမ်းမှာ ခွေးလိုက်ကိုက်လို့ပြေးလာရတာ။ ကျွန်တော်မသွားရဲတော့ဘူး”

“ဖြစ်ရမယ်။ ဘာဖြစ်သွားသေးလဲ။ ကိုယ်သွားဝယ်ပေးမယ်လေ”

Taehyung ကပဲသွားဝယ်ပေးတယ်။ Jimin ကသူသိချင်တာလေးတွေကို Jungkook ကိုမေးတယ်။

“ဒါနဲ့လေ Taehyung ကသူ့မိဘတွေနဲ့အဆင်မပြေဘူးလား”

“ကိုယ်သိသလောက်တော့ သူ့မိဘတွေက ငယ်ငယ်ထဲကသူ့ကိုဂရုမစိုက်ကြတာ။ သူ့မှာ အဖေတူ အမေကွဲ အစ်ကို Chanyeon
ဆိုတဲ့တစ်ယောက်ရှိတယ်လေ။ သူနဲ့လုံးဝကိုမတည့်တာ”

“ဟုတ်တယ်။ ဟိုတစ်ခေါက်က ကျွန်တော်သူ့အိမ်သွားတုန်းကသူတို့မိသားစုက တစ်မျိုးကြီးပဲ Taehyung ပြန်လာမှ မေးကြည့်
ရမယ်”

Taehyung ဆီကို ဖုန်းဝင်လာတယ်။ အဲ့တာက သူ့အမေဆီကဖုန်း။

“သား‌ရေ omma တို့ပြောစရာလေးရှိလို့ အိမ်ခဏလာပါအုံး”

“ဘာလို့လဲဗျာ။ ကျွန်တော်မလာချင်တာသိရက်နဲ့”

“ခဏပါသားရယ်။”

အမေစိတ်ချမ်းသာဖို့အတွက် Taehyung အိမ်ကိုခဏသွားလိုက်တယ်။ အိမ်ရောက်တော့ မိသားစုဝင်တွေ အကုန်ရှိ နေတယ်။ ဖြည်းဖြည်းလေးလျှောက်ပြီး အိမ်ထဲကိုဝင်လာခဲ့တယ်။

“သားကိုခေါ်လိုက်တာက သားလဲဘွဲ့ရတော့မယ်။သားကအရမ်းချောတော့ သားကိုမိန်းမပျက်တွေနဲ့တွေ့သွားမှာစိုးလို့ အိမ်ထောင်ချပေးမလို့”

“သားမှလက်မထပ်ချင်တာ။ ပြီးတော့သား omma တို့စီစဉ်တဲ့သူကိုလည်းချစ်မှာမဟုတ်ဘူး”

“သားမင်းဘယ်လိုဖြစ်နေတာလဲ။ အမြဲတမ်း မိဘစကားနားမထောင်ခဲ့ဘူး။
ဒီတစ်ခါတော့နားထောင်ပါ”

I Don't Miss You  [Uni/Zaw]Where stories live. Discover now