💔part 6💔

1.1K 116 1
                                    

Unicode

"ပြောလေ ဘာကိစ္စလဲ။ Park Jimin မင်းသေများသွားလား။ ဘာစကားမှလဲမပြောဘူး"

"ပြောမှာပါ။ ဟိုဟာလေ မနက်ကြရင်လေ Beach သွားဖို့တွက်အဝတ်အစားတွေရယ်၊ Skin Care တွေရယ်၊ SunCream တွေရယ် သွားဝယ်မလို့ Hyung ကုန်တိုက်ကိုလိုက်ပို့ပေးပါလား"

"အေးငါလဲဝယ်စရာလေးတွေရှိတယ်။ လိုက်ပို့မယ်လေ။ သွားကြတာပေါ့"

မနက်ရောက်တော့ ပြောထားတဲ့အတိုင်း ကုန်တိုက်သွားဖို့ Taehyung ရောက်လာတယ်။ Jimin လည်း အဆင်သင့်ဖြစ်နေပြီဆိုတော့ အတူတူသွားကြတယ်။ကုန်တိုက်ရောက်တော့ အဝတ်အစားတွေကို အရင်ဝယ်ကြတယ်။

"Hyung ကျွန်တော်တို့ အင်္ကျီဆင်တူဝတ်ကြမလား။"

"မင်းကဝတ်ချင်လို့လား"

"ဟုတ်တယ်။ ဆင်တူဝတ်ရင် လိုက်မယ်ထင်လို့"

"ဝယ်လေ"

"ဒီအင်္ကျီဆိုရင် ဆရာ Kim Seokjinကြိုက်လောက်တယ်။ သူနဲ့လဲလိုက်တယ်"

"ဘာလို့ ဆရာ Kim Seokjin ကိုဝယ်ပေးတာလဲ။"

"ဆရာက သဘောလဲကောင်းပြီး ချောလို့"

ဆရာတွေအကုန်လုံးအတွက်ရယ် သူတို့တွက်ရယ်တွေပါ ဝယ်ကြတယ်။ Skin Care ဆိုင်ဘက်ရာက်သွား ကြပြီ။

"ဒီ Skin Care က Hyung သုံးသင့်တယ်။ ရေဓာတ်ကိုဖြည့်ပေးတယ်။ အရမ်းမိုက်တယ်။ သုံးကြည့်ပါလား"

"ဒါငါသုံးတဲ့ တံဆိပ်မှမဟုတ်ပဲ"

"Hyung သုံးတာတွေက အရမ်းဈေးကြီးတယ်။ ကျွန်တော် မဝယ်ပေးနိုင်ဘူး။
ကျွန်တော် ဒီလောက်ပဲ ဝယ်ပေးနိုင်တယ်။ သုံးကြည့်ပါ"

"ငါအပေါစားတွေမသုံးဘူး"

"ဘာအပေါစားလဲ ဝမ် ၄၀၀၀၀ ကအပေါစားလား"

စကားများနေကြရင်း ရန်ဖြစ်တော့မယ်ဆိုတာသိတော့ Taehyung ဘက်ကပဲ အလျော့ပေးလိုက်ရတယ်။Dog Food တွေရောင်းတဲ့ဆိုင်ကို တွေ့တော့ Taehyung Yoontan လေးတွက် အစာကုန်နေတာကို သတိထားမိလိုက်တယ်။ ဆိုင်ထဲကိုဝင်သွားတော့ Jimin ကြောင်တောင်တောင်နဲ့ လိုက်သွားရတယ်။

"အမကျွန်တော့်ကို ဒါလေး ၅ ထုပ်လောက်ပေးပါနော်။"

"ဘာလုပ်ဖို့လဲ ဒါတွေကိုစားမို့လား"

I Don't Miss You  [Uni/Zaw]Where stories live. Discover now