1 || Uni

13.6K 790 9
                                    

ကျောင်းဝန်းထဲဝင်လာရာတစ်လျှောက်တွင် လူတော်တော်များများကကွက်ကြည့်၊ ကွက်ကြည့်လုပ်နေကြ၍ ကုဋေကုဋာထက်မြက်တစ်ယောက် နား၌တပ်ဆင်ထားသော Air-pod လေးအားဖြုတ်လိုက်ကာ အဘယ်အကြောင်းကြောင့် မိမိအားဤသို့ကြည့်နေကြသည်ကို တွေးကြည့်မိသည် ။

"ဟဲ့ သိလား၊ ငါတို့ကျောင်းအတွက်ရန်ပုံငွေကို အမြဲထောက်ပံ့ပေးနေတဲ့ သူ့အဖေအမတ်လောင်းဆိုတာလေ ... ခပ်ငယ်ငယ်ကောင်မလေးတစ်ယောက်နဲ့ပလူးပလဲနေပြီး KTV တစ်ခုထဲကထွက်လာတာကိုငါတွေ့လိုက်တယ်၊ ပြီးတော့ဟယ် မြင်မကောင်းရှုမကောင်းတွေလုပ်နေကြတာ"

"ဟယ် ... ဟုတ်လား၊ မထင်ရဘူးနော် သူ့မှာလည်း ခပ်ငယ်ငယ်သမီးပျိုလေးရှိနေတာကိုဟယ်"

ထိုစကားတွေကြောင့် ရပ်ပြီးနားထောင်နေသောကုဋေကုဋာထက်မြက်တစ်ယောက် ထိုနှစ်ယောက်၏ရှေ့တည့်တည့်သို့သွားကာ ဆက်ပြောဆိုသည့်သဘောဖြင့်မေးဆတ်ပြလိုက်သည် ။

"ဆက်ပြောကြလေ၊ ဘာလို့ငြိမ်သွားတာလဲ ?"

Freely ဆန်လှတဲ့ဒီဇိုင်းမျိုးနှင့်ကုဋေကုဋာထက်မြက်မှာ ရှင်းသန့်လှတဲ့မျက်နှာလေးနှင့်အတူ ဂုတ်ထောက်နေသောဆံပင်ပျော့ပျော့လေးများကိုပိုင်ဆိုင်ထားသည် ။
အသားအရည်ဖြူဥဥပေါ်တွင် သွေးကြောလေးများ ယှက်နွယ်နေသည်ကိုအတိုင်းသားမြင်နေရသည် ။ ဒုတိယနှစ်ကျောင်းသူတစ်ဦးဖြစ်ကာ အပေါင်းအသင်းမရှိသူတစ်ယောက်ဖြစ်သည် ။

"ဘာပြောရမှာလဲ ? နင်ကြားတဲ့အတိုင်းပဲလေ"

ရှေ့တည့်တည့်မှ နှစ်ယောက်ထဲကတစ်ယောက်က ပြောလာသည် ။

"ကုဋေကုဋာထက်မြက်ကဘယ်လိုလူမျိုးလဲဆိုတာ နင်တို့ကြားဖူးလား ?"

မဲ့ပြုံးတစ်ခုနှင့်မေးလိုက်သော မေးခွန်းမှာကြက်သီးထဖွယ်ရာ ။

"ကြားဖူးစရာမလိုသလို စိတ်လည်းမဝင်စားဘူး"

ထိုစကားကြောင့် ကုဋေကုဋာတစ်ယောက်ပြုံးလိုက်ကာ သူ့အရှေ့မှကောင်မလေးနှစ်ယောက်အား ခေါင်းကနေကိုင်ဆွဲကာ နှစ်ယောက်ကိုမျက်နှာချင်းဆိုင်အချင်းချင်း အရှိန်ဖြင့်ခေါင်းတိုက်ပေးလိုက်တော့သည် ။

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now