စီးကရက်လိပ်တွေကတော့ ပြန့်ကျဲနေခဲ့ပြီ
နာကျင်မှုတွေကို ကုစားနိုင်ဖို့အတွက်တဲ့ ။
သတ်မှတ်မှုတွေကို မကျော်လွန်နိုင်ခဲ့တဲ့အခါ
ဒဏ်ရာတွေဟာ သေရာပါလိုပါပဲ ။• ကုဋေကုဋာထက်နှင်းဆီ •
ကုဋေကုဋာထက်မြက်တစ်ယောက် ဒုတိယနှစ်အတွက် Second Semester စာမေးပွဲဖြေဆိုရန်ရက်ပင်နီးလာခဲ့လေပြီ ။
ယခုရက်ပိုင်းတွင်တော့ စာထဲလည်းစိတ်မပါကာ ဂီတာတစ်လက်ဖြင့်သာအလုပ်ရှုပ်နေတော့သည် ။
စီးကရက်လိပ်တွေကတော့ အဖော်အဖြစ် ပြန့်ကျဲလျက်ရှိနေလေသည် ။တီ ... တီ ... တီ
ဖုန်းဝင်လာသောအသံကြောင့် ကုဋာတစ်ယောက် ကိုင်ထားသော ဂီတာကိုဘေးသို့ချကာ ဖုန်းအားကောက်ကိုင်လိုက်တော့သည် ။
"ကိုစစ် ... ပြော ။"
နာမည်ကြည့်စရာမလိုလောက်အောင် ဖုန်း Contact ထဲတွင် သူ(မ)၏ဖခင်နှင့် စစ်လျှမ်းတို့၏ဖုန်းနံပါတ်သာလျှင် ရှိခဲ့သည်မဟုတ်ပါလား ။
" အင်း ... ငါလိုက်မယ် ။"
"..."
"ဟင့်အင်း ... ငါပါပြိုင်မယ် ။"
ထို့နောက် ဖုန်းအားကုတင်ပေါ်ပစ်တင်ကာ Hoodie အနက်တစ်ထည် နှင့် ဂျင်း pant အားကောက်စွပ်ကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည် ။
"အဲ့ဒီကိစ္စကြောင့်တာဝန်ယူခဲ့ရတာ နှင်းဆီလည်းသိမှာပေါ့ ။ တကယ်တော့ အစ်ကို မင်းအပေါ်ဘာစိတ်မှမရှိတာ မင်းလည်းသိမှာပါ ။"
လှေကားအဆင်း၊ နံရံအကွယ်မှကြားနေရသောစကားများ ။
ကုဋာတစ်ယောက်ချောင်းကြည့်မိတော့ သူ(မ)၏ ဖခင်နှင့် သူ(မ)၏ အဆိပ်ပန်းကလေး ကျော့နှင်းဆီတို့ကထိုင်စကားပြောနေကြသည်ကို တွေ့လိုက်ရသည် ။ကျော့နှင်းဆီသည် အဝါရောင်နှင်းဆီပန်းကလေးအား ကေသာထက်ပန်ဆင်ထားကာ နှုတ်ခမ်းဖူးဖူးလေးပေါ်တွင်တော့ ထုံးစံအတိုင်း နှုတ်ခမ်းဆိုးဆေးရဲရဲလေးကနေရာယူထားလေသည် ။

ESTÁS LEYENDO
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Novela Juvenilငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...