မေတ္တာတရားဟာ စီးဆင်းနေတယ်
ဝဲဘက်ရင်အုံက သက်သေပဲတဲ့
ဒီလိုနဲ့ပဲ ... ဘဝထဲကို နှင်းဆီစူးကစိုက်ခဲ့တော့တာပဲ ။• ကုဋေကုဋာထက်နှင်းဆီ •
တရုတ်စံကားပင်ကြီး၏အောက်တွင် ၁၄ နှစ်အရွယ်မိန်းမလှလေးတစ်ယောက်ထိုင်နေပါသည် ။
အစွယ်လေးတွေပေါ်လာသည်အထိပြုံးနေကာ စံကားပန်းပွင့်လေးတစ်ပွင့်အားပန်ဆင်ထားသောသူ(မ)သည် စံမြတ်ထိပ်တင်အိမ်တော်ကြီး၏ အစေခံတစ်ယောက်သာဖြစ်တော့သည် ။
"စံကားပွင့်လေးတွေက အထီးကျန်နေတယ်ထင်တယ်၊ နှင်းဆီလည်းပဲအထီးကျန်နေတယ် ။"
"ကျော့နှင်းဆီ ... ဘယ်မလဲ ? ကျော့နှင်းဆီ ?"
ဒေါသံစွက်စွာအော်ခေါ်နေသော အသံစွာစွာကြောင့် ကျော့နှင်းဆီတစ်ယောက် တရုတ်စံကားပင်ကြီးနားမှ ကြောက်လန့်တကြားပြေးထွက်လာတော့သည် ။
"မမ ... ဘာခိုင်းစရာရှိလို့လဲဟင် ?"
ကျော့နှင်းဆီ၏အမေးကြောင့် သူ(မ)၏ အရှေ့ရှိ အော်ခေါ်နေသော၊ ဝံ့ကြွားဟန်ဖြင့်လှပနေသော၊ အသက် ၂၀ ခန့်ရှိမည်ဖြစ်သော အိမ်တော်၏အလှသွေးကြွယ်မမလေး ချစ်သက်မြတ်ထူးက မဲ့ပြုံးဖြင့်ဆီးကြိုနေတော့သည် ။
"စံကားပင်ကိုတော်တော်သဘောကျနေတာလား ?"
"မဟုတ် ... မဟုတ်ပါဘူး၊ နှင်းဆီက ... နှင်းဆီက "
"တိတ်စမ်း ။"
မာထန်ပြတ်သားလှတဲ့ အသံစူးစူးဟာ နားထဲရိုက်ခတ်လာပြီးနောက်တွင် ကျော့နှင်းဆီတစ်ယောက်ဒူးတွေပင်တုန်လာတော့သည် ။
"အဲ့ထက် စိတ်ဝင်စားစရာကောင်းတာကိုပြရမလား ?"
"ဟင့်အင်း ... မမလေး ။ နှင်းဆီတောင်းပန်ပါတယ်နော် ... နှင်းဆီတကယ်တောင်းပန်ပါတယ် ။"
ထို့နောက်တွင်တော့ အဆွဲခေါ်ခံသွားရခြင်းနှင့်အတူ ရရှိလာသောနှိပ်စက်မှုများ ။
• ကုဋေကုဋာထက်နှင်းဆီ •
"မလုပ်ပါနဲ့ ။ မလုပ်ကြပါနဲ့ ။"

KAMU SEDANG MEMBACA
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Fiksi Remajaငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...