2 || Uni

8.6K 673 18
                                    

ကြီးမားကျယ်ပြန့်လှတဲ့ အိမ်ကြီးအတွင်းရှိ ဧည့်ခန်းထဲတွင် ဦးကုဋေမြတ်သူနှင့်အတူ ကျော့နှင်းဆီတို့ထိုင်နေကြသည် ။

"ကုဋေကုဋာထက်မြက်က အသွက်လေးပဲ"

အိမ်စေအလုပ်သမားတစ်ယောက်မှလာချပေးသော ကော်ဖီခွက်ကိုကိုင်လျက် စကားတစ်ခွန်းကို ကျော့နှင်းဆီ၏နှုတ်မှထွက်ဆိုလာသည် ။

"အမေတူသမီးလေးဖြစ်မလား?"

ကျော့နှင်းဆီ၏ ခပ်ရွဲ့ရွဲ့စကားများကို ဦးကုဋေမြတ်သူအောင့်သက်သက်နှင့်နားထောင်နေရသည် ။

"နှင်းဆီက ဘယ်လိုမိန်းမမျိုးလဲဆိုတာ အစ်ကိုသိပါတယ်နော် ? အခကြေးငွေယူပြီး ပြည့်တန်ဆာအလုပ်လုပ်နေတဲ့သူဆိုပေမဲ့ နှင်းဆီမှာမာနတရားရှိတယ် ... ဒီလိုဆို အစ်ကိုနှင်းဆီကို လက်ထပ်တောင်းယူမဲ့ကိစ္စကိုငြင်းရလိမ့်မယ်၊ နှင်းဆီကိုကြည့်သွားတဲ့အကြည့်ကို ပြင်ဖို့ အစ်ကို့ချစ်သမီးလေးကိုပြောပေးပါ"

ထိုစကားကြောင့် ဦးကုဋေမြတ်သူတစ်ယောက်စကားစရန်ပြင်လိုက်စဥ် နံရံအကွယ်မှ ကုဋေကုဋာထက်မြက်ကထွက်လာသည် ။

"ရာရာစစ သူများသားအဖကြားသွေးလာခွဲနေတာ ... မင်းကဘာမို့လို့လဲ ? ပေါပေါပဲပဲရတဲ့ ဒီလိုပြည့်တန်ဆာကိုရော Daddy ကဘာတွေကြည့်ပြီး၊ သဘောကျပြီး အိမ်ကိုခေါ်လာတာလဲ ? ဘယ်လောက်တောင်ပေးကျွေးထားလို့လဲ ?"

"ဖြန်းးးး"

ရိုက်ချလိုက်တဲ့အားပြင်းသောကြောင့် ကုဋေကုဋာတစ်ယောက် နောက်ပြန်လဲကျသွားတော့သည် ။

"ကုဋာ မင်းအရမ်းတွေရိုင်းနေပါ့လား ? မင်းကိုဒီအရွယ်ထိထိန်းကျောင်းလာတာ ဒီလိုရိုင်းဖို့မဟုတ်နေဘူးလေ"

လဲကျနေသော ကုဋေကုဋာမှာ ဦးကုဋေမြတ်သူ၏စကားကြောင့် အော်ဟစ်ကာစတင်ရယ်မောတော့သည် ။

"ဟား ... ဟား ... ဟား သူစိမ်းမိန်းမဘက်ကနေကာပေးနေလို့ ကိုယ့်သမီးဖြစ်သူကိုတောင် ပါးရိုက်တယ်တဲ့ဗျာ၊ တစ်ခါမှမရိုက်ဖူးတဲ့အဖေက အခုကျွန်တော့်အရှေ့က ဒီမိန်းမအတွက်နဲ့ကျွန်တော့်ကိုပါးရိုက်လိုက်တယ်တဲ့၊ ရာဇဝင်ရိုင်းလိုက်တာဗျာ ... ဒီနေ့ပွဲကိုတော့ မင်းနိုင်ပါတယ် ကျော့နှင်းဆီ ..."

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now