19 || Uni

6.8K 499 8
                                    





ဟန်ချက်ညီခဲ့တဲ့
ရင်ခုန်သံ သံစဉ်တွေကြား
မမာနိုင်တဲ့ နှလုံးသားဟာ
အပိုင်းပိုင်းနဲ့ရယ်

မြတ်နိုးစရာ
နှင်းဆီပန်းတစ်ပွင့်ကို
ခိုင်မြဲစွာနဲ့ပဲ
မေတ္တာဖြင့် ချည်နှောင်ခဲ့မိတယ် ...

: ကုဋေကုဋာထက်နှင်းဆီ :

ကျော့နှင်းဆီတစ်ယောက် သာယာသောမနက်ခင်းတစ်ခုတွင် လှပစွာပင်နိုးထလာခဲ့သည် ။
တစ်ဆက်တည်းမှာပင် ကုဋေကုဋာထက်မြတ်တို့၏ အိမ်မှထွက်သွားတော့မည့် အကြောင်းတရားတစ်ခုကလည်း ဖန်လာခဲ့ပြန်သည် ။

"တို့ကပဲ မင်းရှေ့ကနေ ကွယ်ပျောက်သွားပေးပါမယ်လေ ၊ မင်းကငယ်သေးတယ် ... မဖြစ်သင့်တဲ့ အချစ်တစ်ခုအတွက်နဲ့ မခံစားစေချင်ဘူး ၊ မင်းမေးခဲ့တဲ့ မိန်းမတစ်ယောက်က မျိုးတူမိန်းမတစ်ယောက်ကိုချစ်လို့ရလား ဆိုတဲ့မေးခွန်းကို တို့အခုချိန်ပြန်ဖြေရရင်လည်း ရပါတယ်လို့ဖြေမိမှာပါပဲ ၊ ဒါပေမဲ့ ... တစ်ဖက်ကမိန်းမကတော့ တို့ဖြစ်လို့မရဘူး ၊ အတတ်ကလေး ... ဘဝမှာလေ သေချာဆုံးဖြတ်သင့်တဲ့အရာတွေအများကြီးရှိတာ ၊ တို့မင်းကို ... သံယောဇဉ်ရှိခဲ့ပါတယ် ။"

ကျော့နှင်းဆီမှာ ခပ်ဖွဖွပင်ရေရွတ်ပြီး သက်ပြင်းတစ်ချက်ချကာပင် ရေချိုးခန်းထဲသို့ဝင်သွားတော့သည် ။

: ကုဋေကုဋာထက်နှင်းဆီ :

ဦးကုဋေမြတ်သူမှာတော့ မနက်စာစားရန် ထမင်းစားခန်း၌ ရောက်နေပြီဖြစ်သည် ။

"ဒေါ်သိန်း ၊ ကုဋာ့ကိုတစ်ချက်သွားကြည့်ပါဦး ။ ဪ ... သူဆင်းမလာချင်သေးရင် စားဖို့တစ်ခါတည်းပြင်သွားပေးလိုက်ပါ ။"

"ဟုတ်ကဲ့ပါ ။"

ဒေါ်သိန်းမှာ ကုဋာ့အတွက် မုန့်တချို့နှင့်ကော်ဖီတစ်ခွက်အား လင်ဗန်းတစ်ချက်ထဲသို့ ထည့်ယူကာ ၊ စားပြီးနောက်တွင် သောက်ရန်အတွက် ဆရာဝန်မှပေးခဲ့သော ဆေးများကိုလည်း ယူလာခဲ့တော့သည် ။

လှေကားအတက်တွင် မြန်မာဝတ်စုံအနီဝမ်းဆက်ကလေးဝတ်ထားကာဖြင့် သိပ်လှသွေးကြွယ်နေသော ကျော့နှင်းဆီနှင့်ဆုံလေသည် ။

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆حيث تعيش القصص. اكتشف الآن