ပန်းဘုရင်မဟာ
ပိုးကောင်ငယ်ငယ်လေးကို
ကယ်တင်နိုင်ပါ့လား ။
အပြုံးတွေဟာ
ပိုးကောင်ငယ်လေးအတွက်
ထာဝရသည်သာတဲ့ ။: ကုဋေကုဋာထက်နှင်းဆီ :
ကုဋေကုဋာထက်မြက် အိမ်သို့ပြန်လာသည့်အချိန်တွင် ည ၁၂ ကျော်နေပြီဖြစ်သည် ။
လူကယိုင်တိုင်တိုင်ဖြစ်နေကာ ကားစတီယာတိုင်အားကိုင်ထားသည့် လက်များသည်လည်း တုန်ရီနေလေသည် ။"ငါ ... ငါ ဘာတွေလုပ်လိုက်မိတာလဲ ?"
လက်ဖဝါးနှစ်ဖက်အားကြည့်ကာ မျက်လုံးတွေမှာဂနာမငြိမ်ဖြစ်နေလေသည် ။
ထို့နောက် ကားပေါ်မှဖြည့်ညှင်းစွာဆင်းကာ အိမ်ထဲသို့ဝင်ခဲ့လိုက်လေသည် ။ဧည့်ခန်းနားအရောက်တွင် ဦးကုဋေမြတ်သူနှင့်ဆုံတော့သည် ။
"ကုဋေကုဋာထက်မြက် ! ဘယ်အချိန်ရှိပြီလဲ ? ဟမ် ... ဒါမိန်းကလေးတစ်ယောက် အိမ်ပြန်ရမဲ့အချိန်လား ?"
"Daddy နဲ့ဆိုင်လို့လား ? ရှေ့ကဖယ်ပြီး ကျွန်တော့်ကိုအပေါ်တက်ခွင့်ပေးပါတော့ ။"
ကုဋာတစ်ယောက် စိတ်များဆတ်နေကာ မည်သည်ကိုမှအလိုမကျဖြစ်နေလေသည် ။
"ဘာပြောတယ် ? ဘာပြောလိုက်တယ် ?"
ဦးကုဋေမြတ်သူမှာ ကုဋာ့၏စကားကြောင့် ဒေါသထွက်သွားသည် ။
"ဆူချင်လည်း မနက်ဖြန်မှသာ အဝဆူ ၊ လောလောဆယ် ကျွန်တော်တကယ်ပင်ပန်းနေလို့ပါ ။ အေးဆေးနေခွင့်ပေးကြပါတော့ !"
ကုဋေကုဋာထက်မြက်၏အော်သံကြောင့် အောက်ထပ်အခန်းထဲရှိဒေါ်သိန်းနှင့် အပေါ်ထပ်ရှိကျော့နှင်းဆီပါ နိုးလာကာ အလောတကြီးနှင့် ဧည့်ခန်းရှိရာသို့ ပြေးလာကြတော့သည် ။
"သမီးငယ် ၊ ဘာဖြစ်ရတာလဲကွယ် ။"
"ကျွန်တော် နားချင်လို့ပါ အမေသိန်း ၊ ကျွန်တော်ဘာမှမဖြစ်ဘူး ။"
ကျော့နှင်းဆီတစ်ယောက် သတိထားမိနေသည်က ကုဋာတစ်ယောက်မျက်လုံးများ ဂနာမငြိမ်ဖြစ်နေသည်ကိုပင် ။
"ဆရာရယ် ၊ ကလေးက ပင်ပန်းနေပုံပဲ ၊ ပေးနားလိုက်ပါ ။"
ဒေါ်သိန်း၏စကားကြောင့် ဦးကုဋေမြတ်သူလည်း တောက်တစ်ချက်ခေါက်ကာ ထွက်သွားတော့သည် ။

JE LEEST
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Tienerfictieငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...