အရာရာဟာ
တွယ်တာစရာ ၊
မြတ်နိုးစရာ ၊
ပွေ့ဖက်ချင်စရာ ။
ညှာတံရိုးငယ်နှင်းဆီနီနီအတွက်
ရေးစပ်ထားခဲ့တဲ့ စာသားတွေဟာ
ကုဋေကုဋာထက်နှင်းဆီပဲဖြစ်တယ် ... ။: ကုဋေကုဋာထက်နှင်းဆီ :
စစ်လျှမ်းမှာ ချက်ချင်းပင် ကုဋေကုဋာထက်မြက်ဆီ သတင်းမေးရန်ရောက်လာတော့သည် ။
ကုဋေကုဋာထက်မြက်မှာ ပြန်လည်အိပ်ပျော်သွားပြီဖြစ်ကာ ကျော့နှင်းဆီမှာတော့ ဦးကုဋေမြတ်သူ၏နံဘေး၌ မတ်တပ်ကလေးရပ်နေသည် ။
ဇာအဝါရောင်သားအင်္ကျီလေးကို ပိုးထဘီအဝါလေးနှင့် တွဲဖက်ဝတ်ဆင်ထားသော ကျော့နှင်းဆီမှာ ကျော့မော့ကာလှပနေသည် ၊ သို့သော် ... ဇာအဝါပါးင်္အကျီလေးထက်တွင် သွေးများပေစွန်းနေလေသည် ။ကုဋေကုဋာထက်မြက်၏လက်ဖဝါးနုနုကလေးအား ပေါင်ထက်၌တင်ကာသုတ်ပေးထားသောကြောင့် အင်္ကျီအားစွန်းသွားဟန်ရှိသည် ။
ထိုစဉ် စစ်လျှမ်းဝင်လာသောကြောင့် ဦးကုဋေမြတ်သူမှာ စစ်လျှမ်းအားကြိုဆိုလိုက်တော့သည် ။
"သား ... လာကွာ ။"
"ကုဋာ ဘယ်လိုဖြစ်တာလဲ အန်ကယ် ?"
စစ်လျှမ်း၏အမေးကြောင့် ဦးကုဋေမြတ်သူမှာ မျက်နှာတစ်ချက်ပျက်သွားလေသည် ။
"အန်ကယ်လည်း သားကိုအဲ့ဒါမေးချင်နေတာ ၊ သားရဲ့သူငယ်ချင်းက ဘိန်းတွေသုံးထားတယ် သား ။"
"ဗျာ ?"
ဦးကုဋေမြတ်သူ၏စကားကြောင့် စစ်လျှမ်းမှာအံ့ဩသွားရလေသည် ။
"ဘယ်လိုဖြစ်လို့လဲဗျာ ? စာမေးပွဲရက်ကလည်း သိပ်မလိုတော့တာကို ။"
"အန်ကယ်လည်း မသိတော့ပါဘူးသားရယ် ။"
ဦးကုဋေမြတ်သူနှင့်စစ်လျှမ်းတို့ပြောနေသောစကားများအား ကျော့နှင်းဆီမှာကြားသွားကာ စိျ်မကောင်းဟန်ရှိနေပါသည် ။
ဂရုဏာသက်သည် ၊
ထိခိုက်တာမြင်ရရင် ရင်နာသည် ၊
သံယောဇဉ်ရှိသည် ၊
ကုဋေကုဋာထက်နှင်းဆီ ... ။

أنت تقرأ
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
أدب المراهقينငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...