ဘယ်လိုအကြောင်းတရားက
ဝေးကွာစေခဲ့သလဲ ?ပြေးလေ ၊
လိုက်လေ ဘဝမှာ
သာယာနေခဲ့ပြီပဲ ... ။မချစ်ချင်တော့ဘူးလို့
တင်းခံပြီး ပြောခဲ့ပေမဲ့
မစွန့်လွှတ်နိုင်ခဲ့တဲ့သူကသာ
ရူးခဲ့ရတယ် ... ။: ကုဋေကုဋာထက်နှင်းဆီ :
ကုဋေကုဋာထက်မြက်မှာ အခန်းထဲမှအပြင်သို့ မထွက်ဘဲရှိနေလေသည် ။ အိပ်ဆေးအရှိန်ကြောင့် အိပ်နေရသည့်အချိန်ကသာများနေသည် ။
စိတ်ရှုပ်မှုများကြောင့် စီးကရက်လိပ်တစ်လိပ်ကိုဖွာရန် ကြံလိုက်မှာစဉ် သူ(မ)၏အခန်းထဲသို့တစ်စုံတစ်ယောက်ဝင်လာသည်ကို တွေ့လိုက်ရသည် ။
ခေါင်းကိုဖြည်းညှင်းစွာလှည့်ကြည့်မိသည့်အခါမှာတော့ သူ(မ)လွန်စွာမှမြတ်နိုးရသည့် ညှာတံရိုးငယ်နှင်းဆီနီနီလေးဖြစ်နေသည်ကိုတွေ့လိုက်ရသည် ။"အတတ်ကလေး ... နေလို့ကောင်းသွားပြီလား ?"
ကျော့နှင်းဆီ၏အမေးအား ကုဋေကုဋာထက်မြက်တစ်ယောက် ခေါင်းသာညိတ်ပြလိုက်တော့သည် ။
"နေမြန်မြန်ကောင်းအောင်နေနော် ၊ စီးကရက်တွေမသောက်ပါနဲ့ ... အဲ့ဒါက ကျန်းမာရေးကိုပိုဆိုးစေတယ် ။"
ထို့နောက်မှာတော့ ကုဋေကုဋာထက်မြက်၏နားသယ်စပ်နားလေးအား သူ(မ)၏နှုတ်ခမ်းသားနုနုလေးနှင့် ဖိကပ်လိုက်လေသည် ။
"ဂရုစိုက်ပါ ... အမြဲတမ်းအတွက်ပေါ့ ။"
ပြောပြီးနောက်ထွက်ခွါသွားသော ကျော့နှင်းဆီ၏ကျောပြင်ငယ်အား ကုဋေကုဋာထက်မြက်သေချာစွာကြည့်ကာဖြင့် ပြေးဖက်မိလိုက်သည် ။
"ကျွန်တော် ... ကျွန်တော့်ခံစားချက်တွေကို အစ်မသိနေပြီမဟုတ်လားဟင် ? အစ်မ ... သိသွားမှာ ကျွန်တော်စိုးရိမ်ခဲ့ရသလို ... တစ်ဖက်ကကြည့်ရင်လည်း ကျွန်တော့်ခံစားချက်တွေကို အစ်မသိခဲ့လို့ ပျော်ရပါတယ် ၊ ပြန်မချစ်ရင်နေပါ ... မမုန်းတော့မမုန်းပါနဲ့ ၊ ပြီးတော့ ... ကျွန်တော့်နားကလည်း ထွက်မသွားပါနဲ့ ၊ ကျွန်တော့်မှာလေ ငယ်ငယ်ကတည်းက တွယ်တာစရာလူမရှိခဲ့တာမို့ ၊ အစ်မက ... ကျွန်တော့်ရဲ့တွယ်တာရာလေးလုပ်ပေးပါလားဗျာ ။"

VOCÊ ESTÁ LENDO
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Ficção Adolescenteငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...