ပန်းပွင့်ငယ်ရဲ့ ရှိုက်သံက
ဒီလူရဲ့ရင်ခွင်ထဲထိပါ လာစင်လေသလား ... ?: ကုဋေကုဋာထက်နှင်းဆီ :
ကုဋာတစ်ယောက် စီးကရက်လိပ်များဖွာနေသည်မှာ ငါးလိပ်ခန့်မျှရှိခဲ့ပြီဖြစ်သည် ။
စီးကရက်တိုများမှာ ပါကေးကြမ်းပြင်ထက်ဝယ်ပြန့်ကျဲနေကာ လူသည်လည်းအားမရှိသလိုပင်ဖြစ်နေသည် ။ထို့ကြောင့် ရေမိုးချိုးသန့်စင်မည်ဟုဆုံးဖြတ်လိုက်ကာ ရေချိုးခန်းထဲဝင်ခဲ့တော့သည် ။
နာရီဝက်အကြာမှာတော့ ရေမိုးချိုးပြီးကာ ရေချိုးခန်းထဲမှထွက်လာခဲ့တော့သည် ။ကုဋာတစ်ယောက် တိုင်ကပ်နာရီအားတစ်ချက်ကြည့်မိသွားသည် ။ အချိန်အားဖြင့် ည ၇:၃၀ ခန့်ရှိနေပြီဖြစ်သည် ။ ပေါ့ပေါ့ပါးပါး hoodie တစ်ထည်နှင့် ဂျင်း pant တစ်ထည်ကောက်ဝတ်ကာ အောက်ထပ်သို့ဆင်းလာခဲ့တော့သည် ။
: ကုဋေကုဋာထက်နှင်းဆီ :
ထမင်းစားခန်းထဲတွင်တော့ ဦးကုဋေမြတ်သူနဲ့ ကျော့နှင်းဆီတို့ထိုင်နေသည် ။
ကုဋေကုဋာထက်မြက် ထမင်းစာခန်းထဲဝင်လာသည်ကို ဦးကုဋေမြတ်သူမြင်တော့ ပြုံးပြလိုက်လေသည် ။
"ကုဋာ ... သမီး နေသာရဲ့လား ? ဒဏ်ရာတွေရလာတယ်ဆို ၊ ဂရုစိုက်မှပေါ့ သမီးရယ် ။"
"ကျွန်တော်အဆင်ပြေပါတယ် Daddy စိတ်မပူပါနဲ့ ။"
ထို့နောက် ထမင်းစားပွဲ၌ဝင်ထိုင်ကာ ကျော့နှင်းဆီဘက်သို့ လှည့်ကြည့်လိုက်သည် ။
ကျော့နှင်းဆီမှာတော့ လှမြဲလှနေကာ အကြည့်များသည်တော့ တခြားစီမယ် ဖြစ်နေသည် ။"ဆရာ ... ဖုန်းလာနေတယ်ရှင့် ။"
ဒေါ်သိန်း၏သတိပေးသံကြောင့် ထမင်းစားနေရင်းနှင့်ပင် ဦးကုဋေမြတ်သူတစ်ယောက်ဇွန်းချကာ ဧည့်ခန်းထဲသို့ထွက်သွားတော့သည် ။
ထိုအခါမှ ကုဋေကုဋာထက်မြက်တစ်ယောက် ကျော့နှင်းဆီဘက်သို့ မျက်နှာမူလိုက်သည် ။
"အစ်မ ... ကျွန်တော်တောင်းပန်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် တောင်းပန်ချင်လို့ပါ ။ ဒီတိုင်း အစ်မကို ပျော်ပဲပျော်စေချင်တော့တယ် ။"

ВЫ ЧИТАЕТЕ
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Подростковая литератураငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...