မိုးဟာလွမ်းဆွတ်စေတယ် ...
ခံစားချက်များကို ရှုပ်ထွေးစေတယ် ...
နှလုံးသားငယ်ငယ်လေးကတော့
ရူးပြီထင်ပါရဲ့ ။° ကုဋေကုဋာထက်နှင်းဆီ °
မိုးစက်ကလေးများက အပင်လေးများထံတွင်တွဲလဲခိုနေသည် ။
ကုဋာတစ်ယောက် အိမ်ထဲသို့ဝင်ဝင်ခြင်း ဖခင်၏ခေါ်သံအားကြားလိုက်သည် ။ထို့ကြောင့် ဖခင်ရှိရာဧည့်ခန်းထဲသို့ဝင်လိုက်သည်။
"မိုးတွေရွှဲလို့ပါလား ... ထီးမပါသွားဘူးလား ကုဋာ ။"
ဖခင်၏မေးသံတွင် စိုးရိမ်နေသည်ကအထင်းသားပင် ။
"မပါသွားဘူး Daddy ... မိုးမိလာလို့ ကျွန်တော်နားချင်ပြီ ။ နောက်လေးရက်နေရင် ကျောင်းမှာမေဂျာပေါင်းစုံဘောလုံးပွဲရှိတယ် ။ မေဂျာရဲ့အမျိုးသမီးအသင်းမှာ ကျွန်တော်ပါတာမို့ Daddy လာခဲ့ပေးပါ ။"
ထိုသို့ပြောပြီးသာ ဧည့်ခန်းထဲမှထွက်ခဲ့တော့သည် ။ တစ်စုံတစ်ခုကိုသတိရသွားဟန်ဖြင့် ခြေစုံရပ်ပြီးနောက်လှည့်ကာ စကားတစ်ခွန်းကိုထပ်မံဆိုလိုက်သည် ။
"ဪ ... ဒါနဲ့ Daddy အားမှလာပါ ။"
ဘယ်တုန်းကငါ့ဘက်ရှိခဲ့ပေးဖူးလို့လဲ ... ?
ဦးကုဋေမြတ်သူလည်း ကုဋေကုဋာထက်မြက်အားကြည့်ကာ စိတ်မကောင်းပေ ။
တတ်နိုင်သည့်ဘက်ကနေ ကုဋာ့အားပံ့ပိုးပေးသော်လည်း တာဝန်မကျေသလိုခံစားနေရသည် ။ဒါဟာ သူကိုယ်တိုင်ရဲ့ အပြစ်တွေသည်လား ... ?
° ကုဋေကုဋာထက်နှင်းဆီ °
မိုးမိလာသည်ကတစ်ကြောင်း၊ စိတ်မကြည်သည်ကတစ်ကြောင်းနှင့် ကုဋာတစ်ယောက် မှန်တင်ခုံရှေ့တွင်အားပြတ်စွာထိုင်ချမိလိုက်သည် ။
ဂုတ်ထောက်နေသောဆံပင်များမှာရေဒဏ်ကြောင့် ဟိုတစ်ချောင်းဒီတစ်ချောင်းဖြစ်နေသည့်တိုင် ဖြူဥနေသောမျက်နှာလေးမှာတော့မပြောင်းမလဲတည်ရှိနေပါသည် ။
ငိုထားမိသောကြောင့် အနည်းငယ်ဖောင်းအစ်နေသောမျက်လုံးများနှင့် နီရဲနေသောမျက်ခမ်းစပ်မှာတော့ ယနေ့အဖို့တွင်မတောက်ပြောင်နိုင်တော့ ။
![](https://img.wattpad.com/cover/256572679-288-k226217.jpg)
YOU ARE READING
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Teen Fictionငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...