နှလုံးသားတစ်ခု၏ အလယ်တွင်
နှင်းဆီပန်းကလေး တစ်ပွင့်တည်ရှိခဲ့ပါသည် ။• ကုဋေကုဋာထက်နှင်းဆီ •
ယနေ့အဖို့ ကုဋေကုဋာထက်မြက်တို့ကျောင်းတွင် အမျိုးသမီးဘောလုံးပြိုင်ပွဲတစ်ခုရှိနေပါသည် ။
" ပီ ... ပီ ... ပီ "
ဝီစီမှုတ်သံ၏အဆုံးတွင်တော့ ကုဋေကုဋာထက်မြက်တစ်ယောက် အဝါကဒ်အပြခံလိုက်ရပြီဖြစ်သည် ။
" ဘာလို့လဲ ? "
လျင်မြန်သော ခြေလှမ်းများဖြင့် ဒိုင်လူကြီးထံအပြေးသွားသော ကုဋေကုဋာထက်မြက်မှာ ချွေးများရွှဲနေကာ ဒေါသသံများစွက်နေသည် ။
" အတွန်းခံရတာ ကျွန်တော်လေ ... ဟိုမှာတွေ့လား ? အဲ့ခဲလုံးရဲ့အချွန်နဲ့ ကျွန်တော့်နောက်ကျောတိုက်ရိုက်ထိတာလေ ။ ဘာလို့ ကျွန်တော်က အဝါကဒ်အပြခံရတာလဲ ?"
" မင်းအရင်တွန်းလိုက်တာ ငါ့အမြင်ပဲလေ ။"
တစ်ဖက်အသင်းမှ ကောင်မလေးတစ်ယောက်၏အသံကြောင့် ကုဋေကုဋာထက်မြက်လှည့်ကြည့်မိလိုက်သည် ။
ထိုစဉ် ဇာင်္အကျီအဝါပါးလေးကိုမှ ပါတိတ်နှင့်တွဲဖက်ဝတ်ဆင်ထားသော ပန်းကလေးတစ်ပွင့်အား အမှတ်မထင်တွေ့လိုက်ရသည် ။
ပြုံးပြနေသည့်နှုတ်ခမ်းပါးများမှာ ကော့ညွတ်နေပြီး မျက်လုံးဝိုင်းဝိုင်းလေးများမှာ တောက်ပနေသည် ။" အတတ်လေး ... ကြိုးစားထား ။ တို့က မင်းဘက်ကပဲ ။ "
မထင်မှတ်ထားတဲ့ စကားလေးတစ်ခွန်းကြားလိုက်ရသောကြောင့် ကုဋေကုဋာထက်မြက်မှာ ဒိုင်လူကြီးအား ပြိုင်ငြင်းမနေတော့ဘဲ ပွဲကိုဆက်လက်ကစားလိုက်တော့သည် ။
" ကျော့နှင်းဆီက ငါ့ကိုတကယ်ပြုစားနေတာပဲ ။ "
ပြေးကစားနေရင်းနဲ့မှ ပြုံးနေမိသည်မှာ ဘယ်နှစ်ကြိမ်မြောက်ဖြစ်နေမှန်း ကုဋာတစ်ယောက် သူ့ကိုယ်သူတောင် သတိမထားမိတော့ ။
ချစ်တယ် ...
သူ့အကြောင်းတွေးရင် ပျော်ရတယ်၊ ရင်ခုန်ရတယ် ဆိုရင် ဒါဟာ အချစ်တစ်ခုအစပျိုးခြင်းပဲတဲ့ ... ။

VOCÊ ESTÁ LENDO
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Ficção Adolescenteငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...