နာနာကျင်ကျင်နဲ့ ဝေခွဲမရခဲ့တဲ့ နေ့ရက်တွေထဲ
တစ်ပွင့်တည်းသော နှင်းဆီကိုသာ
ပန်ဆင်လိုတဲ့ ကောင်မလေးငယ်ငယ်ဟာလည်း
ရှိနေခဲ့ပါရဲ့ ။• ကုဋေကုဋာထက်နှင်းဆီ •
ကျော့နှင်းဆီတစ်ယောက် ယမန်နေ့ညကပြောသွားသော ကုဋေကုဋာထက်မြက်၏စကားများကြောင့် စိတ်မသက်မသာဖြစ်နေရပါ၏။
ကုဋေကုဋာထက်မြက်တစ်ယောက် ရေဘူးယူရန် ထမင်းစားခန်းထဲဝင်လာမိ၍ ကျော့နှင်းဆီနှင့်ဆုံမိလေသည် ။
ဒဏ်ရာများနှင့်ကုဋေကုဋာထက်မြက်မှာ ကျော့နှင်းဆီ၏အကြည့်များအား ဖယ်ရှောင်နေသည် ။ငိုထား၍ထင်သည်၊ မျက်လုံးကလေးများအနည်းငယ်အစ်နေကာ နှာခေါင်းလုံးလုံးလေးမှာရဲနေပါ၏။
"ကုဋာ ... အဆင်ပြေရဲ့လား သမီးငယ် ။"
ဒေါ်သိန်း၏စကားကြောင့် ကုဋေကုဋာခေါင်းသာညိတ်ပြလိုက်သည် ။
"ဒဏ်ရာတွေနဲ့ ကုဋာရယ် ၊ မေသိန်းကို ပြပါဦး ။"
"ကျွန်တော်အဆင်ပြေပါတယ် အမေသိန်း ၊ ကျွန်တော့်ကိုထမင်းစားခါနီးမှလာခေါ်ပေးပါ နည်းနည်းပင်ပန်းနေလို့ ထပ်အိပ်ချင်သေးလို့ ။"
ဒေါ်သိန်းလည်း ဟုတ်ပါပြီဟူ၍သာပြောလျက် ကုဋေကုဋာ့အားလွှတ်ပေးလိုက်ပါတော့သည် ။
"သမီးငယ်က ခေါင်းမာလိုက်တာ ။"
ကျော့နှင်းဆီမှာတော့ ရင်ထဲတွင်နေမထိထိုင်မသာဖြစ်နေသည်ကို ခံစားနေရသည် ။
ကုဋေကုဋာထက်မြက်အားကြည့်ကာ စိတ်မကောင်းသလို ၊ အားနာနေဟန်လည်း ရှိသည် ။ရင်ထဲမှအပူမီးဟာ ကုဋေကုဋာထက်မြက် ကြောင့်တည်း ။
: ကုဋေကုဋာထက်နှင်းဆီ :
ကုဋေကုဋာထက်မြက်တစ်ယောက် အခန်းထဲရောက်ရောက်ခြင်း ကုတင်ပေါ်ပစ်ထိုင်ချမိသည် ။
ဒဏ်ရာများကြောင့် အနည်းငယ်အော်ညည်းမိကာ စိတ်မရှည်ပင်ဖြစ်နေတော့သည် ။

YOU ARE READING
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Teen Fictionငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...