5 || Uni

8K 637 26
                                    

တီဗွီဖန်သားပြင်ထက်တွင်ပေါ်နေသော လူသတ်သမားမှာ လယ်သမားတွေကိုင်စပါးရိတ်တဲ့အခါမှာ အသုံးပြုသောတံစဥ်ကြီးကို ကိုင်ထား၍ အိမ်ပေါ်ထပ်သို့တစ်လှမ်းချင်းလှမ်းနေဟန်ရှိသည် ။

ကုဋေကုဋာထက်မြက်တစ်ယောက် ထိုလူသတ်ကားကိုမမှိတ်မသုန်နှင့် ဒုတိယထပ်ဧည့်ခန်းထဲတွင်မီးပိတ်၍ထိုင်ကြည့်နေခြင်းဖြစ်သည် ။
လူသတ်သမားသည် တံစဥ်ကြီးကိုကိုင်လျက် နံရံတစ်လျှောက်သို့ပါ ခြစ်ချလိုက်လေသည် ။

မျက်လုံးဝိုင်းဝိုင်းလေးတွေက ဂနာမငြိမ်ဘဲ ကုဋေကုဋာထက်မြက်သည် စိတ်ဝင်စားစွာကြည့်နေမိသည် ။

"အားးးးးး"

"ကုဋာ ... ဘာဖြစ်တာလဲ ?"

ဖခင်ဖြစ်သူ၏ အသံထွက်လာမှ ကုဋေကုဋာတစ်ယောက်ခေါင်းလေးထောင်လာသည် ။

"ဟာ ... Daddy ဗျာ၊ ရှေ့ကနေ မတ်မတ်ကြီးလာရပ်မှတော့ ကျွန်တော်လန့်သွားတာပေါ့ဗျ၊ ဟာဗျာ ..."

ထိုအခါမှဦးကုဋေမြတ်သူလည်း ပြုံးမိသွားသည် ။

"အချိန်လင့်နေပြီ ... အိပ်တော့လေ ။ ဒီအချိန်ကြီး ဒီလိုကြည့်နေမှ ဟိုကတကယ်ရောက်လာမှာ .. "

ကုဋေကုဋာထက်မြက်တစ်ယောက်မျက်စောင်းလေးသာထိုးလိုက်သည် ။

"Daddy ကိုကျေနပ်နေတာမဟုတ်ဘူး ။ ကျွန်တော့်ကိုအချိုလာမသတ်နဲ့ ။ အိပ်စေချင်တာမလား အိုခေ ... အိပ်မယ် ။ ကြိုပြောဦးမယ် ... အဲ့ဒီမိန်းမကိုအိမ်ခေါ်လာခဲ့ရင် ကျွန်တော်ဒီအိမ်ပေါ်ကနေဆင်းမယ်၊ မနေဘူး ။"

ကျောခိုင်း၍ထွက်သွားပြီဖြစ်သော ကုဋေကုဋာထက်မြက်၏ နောက်ကျောပြင်အားကြည့်ကာ ဦးကုဋေမြတ်သူသက်ပြင်းသာအကြိမ်ကြိမ်ချနေမိသည် ။

"ချစ်သက်မြတ်ထူးရေ ... မင်းရဲ့သမီးကတော့ မင်းနဲ့တစ်ပုံစံထဲပဲ ... အကြောတင်းလေး ။"

° ကုဋေကုဋာထက်နှင်းဆီ °

KING စားသောက်ဆိုင်ထဲတွင် ကုဋေကုဋာထက်မြက်နှင့်အတူ စစ်လျှမ်းပါအတူထိုင်နေသည် ။
ငယ်ပေါင်းကြီးဖော်သူငယ်ချင်းပေမို့ တစ်ယောက်အကြောင်းတစ်ယောက်နားလည်ထားသည် ။

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆حيث تعيش القصص. اكتشف الآن