သံစဉ်တွေကို စီတန်းမယ် ၊
စန္ဒယားပေါ် နှင်းဆီခက်တွေနဲ့
ခပ်ပါးပါး အနုစိပ်ပုံဖော်ပစ်မယ် ။
ရူးသွပ်မှုက တစ်ပွင့်တည်းသော
နှင်းဆီပန်းကလေးပေါ်မှာပဲ
ဖြစ်တည်ပါတယ် ... ။: ကုဋေကုဋာထက်နှင်းဆီ :
ကုဋေကုဋာထက်မြက်တစ်ယောက် အိပ်ရာမှနိုးလာပြီဖြစ်ပြီး ရေချိုးခန်းထဲတန်းဝင်ကာ ဘေစင်ထက်၌ အန်ချမိခဲ့သည် ။ ငြီးစီစီဖြစ်နေသည်ကတစ်ကြောင်းကြောင့် ရေပါချိုးပစ်လိုက်မိသည် ။
ရေမိုးချိုးပြီးစီးခဲ့၍ ကုဋာတစ်ယောက် ရေချိုးခန်းထဲမှထွက်လာခဲ့သည် ။ အလွယ်ဝတ်နေကျ Hoodie အညိုရောင်လေးနှင့် အားကစားဘောင်းဘီလေးအားဝတ်ဆင်လိုက်ပြီး မှန်တင်ခုံရှေ့ထိုင်ကာ ရေစက်ကလေးများတွဲခိုနေသော ဆံနွယ်စတို့အားသေချာကြည့်နေမိသည် ။
မျက်လုံးလှလှလေးများမှာ အသက်မဲ့နေကာ ၊ မျက်ကွင်းနှစ်ဖက်မှာ အနည်းငယ်ညိုနေဟန်ရှိနေသည် ။
တစ်စုံတစ်ခုအား တောင့်တလိုချင်လာသော ဆန္ဒမီးကလည်း တောက်လောင်နေမိသည် ။
ခေါင်းတစ်ချက်ခါလိုက်ကာဖြင့် ကုဋာတစ်ယောက် အသိစိတ်အားထိန်းနေရသည် ။"ကုဋေကုဋာထက်မြက်က ဒီလောက်ပဲပျော့ရသလား ? မဖြုံနိုင်တဲ့ကိစ္စကို ဒီလောက်မပျော့နေစမ်းပါနဲ့ ၊ ကဲဟာ ... ကဲဟာ ။"
အားပါပါနှင့်လက်ဖဝါးအား မှန်တင်ခုံထက်၌တင်ထားသော အပ်ချည်ဘူးထဲမှ ဘရိတ်ဓားအားထုတ်ကာခြစ်ချနေမိသည် ။
"အားးးး ဘာလို့ငါလဲ ? ဘာလို့ငါပဲ အမြဲလဲ ? ဘာလို့လဲ ?"
စူးစူးဝါးဝါးအော်ဟစ်လိုက်သောအသံကြောင့် ဦးကုဋေမြတ်သူနှင့်အတူ ဒေါ်သိန်းနှင့်ကျော့နှင်းဆီတို့မှာ မနက်စာစားနေကြရင်းနှင့်ပင် ကုဋာရှိရာအခန်းဆီသို့ပြေးတက်လာခဲ့တော့သည် ။
ကျော့နှင်းဆီတို့သုံးယောက် အခန်းထဲဝင်လာသဖြင့် ကုဋေကုဋာထက်မြက်မှာ ရုတ်တရက်လှည့်ကြည့်လာသည် ။

YOU ARE READING
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Teen Fictionငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...