7 || Uni

7.4K 567 12
                                    

ခြံထဲဝင်လာရာတစ်လျှောက်တွင် ဖခင်၏ကားအားတွေ့လိုက်ရသည် ။

"ဟက် ... စောသားပဲ ။"

အိမ်ထဲဝင်ဝင်ချင်း ကုဋေကုဋာတစ်ယောက် ဒေါ်သိန်းနှင့်တိုးသည် ။

"ကုဋာ ... သမီးကို သူဌေးက ပြန်ရောက်ရင်သူ့စာကြည့်ခန်းထဲဝင်လာဖို့ မှာထားတယ် ။"

ကုဋေကုဋာတစ်ယောက် ခေါင်းပဲညိတ်ပြလိုက်ကာ အပေါ်ထပ်အိပ်ခန်းရှိရာသို့တန်းတက်သွားလိုက်သည် ။
အခန်းထဲရောက်သည်နှင့် လွယ်အိတ်ကိုပစ်ချကာ ရေချိုးခန်းထဲတန်းဝင်ခဲ့လိုက်သည် ။

ရေချိုးနေစဥ်တစ်လျှောက်တွင်လည်း အတွေးများနေခဲ့သည် ။

"တို့က မင်းအပေါ်ပါလွှမ်းမိုးမှာ၊ မယုံမရှိနဲ့ အတတ်လေး ။"

ထိုစကားကိုသာကြားယောင်မိပြီး ကုဋေကုဋာစိတ်မငြိမ်ဖြစ်လာသည် ။
အဆမတန်ခုန်နေသော ရင်နှင့်အတူ တစ်စို့စို့ခံစားမှု ။

ရင်ခုန်နေသည်လား ? မျိုးတူမိန်းမတစ်ယောက်ပေါ်မှာလေ ။

အတွေးတွေအား ရပ်တန့်ပစ်လိုက်ကာ ရေမြန်မြန်ချိုးပြီးသာ အခန်းထဲသို့ပြန်ထွက်လာခဲ့လိုက်သည်။

"ကျော့နှင်းဆီ ... မင်းက ကဝေလား ?"

ထိုစကားကို ခပ်တိုးတိုးသာရေရွတ်ကာ အဝတ်အစားအမြန်ဝတ်ကာ ခေါင်းကိုပါရေပြောင်အောင်သုတ်မိသည် ။

မှန်တင်ခုံရှိမှန်တွင်ပေါ်နေသော သူ၏ပုံရိပ်အား ကုဋေကုဋာအသေအချာစိုက်ကြည့်နေမိသည် ။
ဖြူစွတ်၍ဝင်းဝါသောအသားအရည်နှင့် ရိုးရှင်းသောမျက်နှာထား၊ နှုတ်ခမ်းဖူးဖူးလေးကတော့ လှပသေသပ်စွာ ။

ခြုံငုံကြည့်လျှင် ကုဋေကုဋာထက်မြက်သည်လည်း မိန်းမလှလေးပါပင် ။

တအောင့်အကြာမှာတော့ မှန်တင်ခုံဘေးရှိဂီတာအားယူလိုက်ကာ ဂီတာကြိုးကိုညှိလိုက်သည် ။
ညှိလို့အပြီးမှာတော့ ဝရံတာထွက်ကာ အသင့်ရှိသောကြိမ်ကုလားထိုင်၌ဝင်ထိုင်လိုက်ပြီး သီချင်းကိုစတင်အော်ညည်းတော့သည် ။

🎵     မင်းအသံလေးတွေဖိတ်ခေါ်နေ
                  ငါ့ရင်ထဲမူးရစ်စေခဲ့ ...

ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆Where stories live. Discover now