မိုးရေထဲပြေးလွှားနေရသဖြင့် ခြေထောက်များမှာသွေးခြေဥနေပြီဖြစ်သည် ။
အသက် ( ၁၅ ) နှစ်အရွယ် မိန်းမလှလေးတစ်ယောက်၏ အသက်ရှူသံပြင်းပြင်းဖြင့်ပြေးလွှာနေရခြင်းနှင့်အတူ တဝေါဝေါရွာနေသော မိုးဒေဝါ ။ထိုမိန်းမလှလေးမှာ သစ်ပင်ကြီးတစ်ပင်အကွယ်တွင် ဝင်ရောက်ပုန်းကွယ်နေလိုက်သည် ။
"ဘယ်ရောက်သွားတာလဲ ... ဒီခွေးမအပြေးသန်ချက်ပဲ ။ "
ထွားကျိုင်းဟန်ရှိတဲ့လူသုံးယောက်၏ အော်ဟစ်ညည်းတွားသံ ။
"ဟာကွာ ... ဆရာသိရင်ပြဿနာတက်မှာကွ ။"
"ထားလိုက်တော့ကွာ ... ရှာမရတဲ့အဆုံးတော့ လွှတ်ပေးလိုက်ပါတော့ ... ကောင်မလေးကအခုမှနုနုထွတ်ထွတ်လေး ... ငါ့မှာလည်း သမီးမိန်းကလေးရှိတော့ ကိုယ်ချင်းစာတယ် ။"
ထို့နောက်မှာတော့ ထွက်ခါသွားတဲ့လူသုံးယောက်နှင့်အတူ ရွာနေသောမိုးသည်လည်း တဖြည်းဖြည်းဆဲလာခဲ့သည် ။
သစ်ပင်အကွယ်မှ မိန်းမငယ်လေးမှာလည်း ထိုအခါမှသာ အသက်ရှူချောင်ပြီး အပြင်သို့ထွက်လာခဲ့တော့သည် ။"ဘာလို့အဲ့ဒီလူတွေဆီရောင်းစားခဲ့တာလဲဟင် ?"
ထိုစကားကိုဆိုပြီးနောက်မှာတော့ မေ့မြောသွားတဲ့ခန္ဓာကိုယ်နဲ့အတူ အိမ်မက်မှနိုးထလာသော ကျော့နှင်းဆီ ... ။
ဘေးနားအသင့်တင်ထားသော ဖန်ခွက်ထဲကရေကိုလက်တုန်တုန်နှင့်ယူသောက်ကာ စိတ်ကိုမနည်းဖြေလျှော့နေရသည် ။"ဟင့်အင်း ... ကျော့နှင်းဆီ ... အားတင်းထားရမယ် တို့အားတင်းထားမှ ... ဒီအမှောင်ထုကြီးထဲကလွတ်မြောက်မှာလေ ။"
မျက်ရည်စက်နှင့်ချွေးစက်များက လှပသောမျက်နှာထက်ဝယ်နေရာယူထားကြလေသည် ။
ပုလဲမျက်ရည်တို့ခနေသော်ငြား အလှမပျက်သောမျက်နှာမျိုးကို ဆုတောင်းကောင်း၍ပိုင်ဆိုင်ခဲ့ပေသည်လား ... ?
° ကုဋေကုဋာထက်နှင်းဆီ °
Pratical Room ထဲမှထွက်လာ၍ ကုဋာမှာလွန်စွာမှပင်ပန်းနေပြီဖြစ်သည် ။
"အမှတ်အများဆုံးက ဘယ်သူရတာလဲ ?"
"ကုဋေကုဋာထက်မြက်တဲ့ ။"

VOCÊ ESTÁ LENDO
ကုဋေကုဋာထက်နှင်းဆီ || 𝑹𝒐𝒔𝒆
Ficção Adolescenteငယ်ရွယ်ပြီးထက်မြက်လှတဲ့ ကောင်မလေးနှစ်ယောက်ကြားက မာနအားပြိုင်မှုတွေနဲ့အတူ ရရှိခဲ့တဲ့ခံစားချက်တချို့၊ နူးညံ့လှတဲ့ချစ်ခြင်းမေတ္တာအကြောင်းကိုရေးဖွဲ့ထားတဲ့သာမန်ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ ။ • ကုဋေကုဋာထက်မြက် x ကျော့နှင်းဆီ • Start Date >>> { 27.1.2021 } End...