Ep -26

14.3K 1.1K 60
                                    

"သဘောမတူနိုင်ဘူး..ငါလုံးဝသဘောမတူဘူး"

"အဖေ ကလေးတောင်ရနေပြီ..
အဖေတားလည်းမထူးဘူးထင်တယ်..
အဲ့တာကြောင့် သဘောတူပေးပါ"

ဂျောင်ကု နှင့်သူ၏အဖေ တို့ စကားပြောနေကြသည်ကို ဘေးကဂျီမင်က
အပြစ်ကင်းစင်သည့်မျက်နှာငယ်လေးဖြင့်
ငုတ်တုတ်ထိုင်ကာ နားထောင်နေသည်။

Jungkook၏အမေကလည်းကလေးလေးအားချီထားပြီး...မျက်နှာထားကတော့တင်းမာလျက်။

"အဖေ..ဒီလိုသဘောမတူလို့ဘာများ
ပြောင်းလဲသွားမှာမို့လို့လဲ
ဘာမှမပြောင်းလဲဘူးအဖေ.."

"ဂျွန်ဂျောင်ကု..မင်းလုပ်ချင်ရာလုပ်လာပြီး..
ငါ့ကိုသဘောတူခိုင်းနေတာလား..
မင်းဘာသာမင်းလမ်းပေါ်က ဟာတွေနဲ့ရချင်တိုင်းရလာတဲ့ကလေးကို
ငါ့မြေးလို့မသတ်မှတ်နိုင်ဘူး..ပြီးတော့
ယောကျာ်းလေးတစ်ယောက်ကကိုယ်ဝန်
ဆောင်နိုင်တယ်ဟုလား..မင်းတို့ခေတ်ကြမှပဲ
ကြားဖူးတယ် ဟက်....မင်းကိုငါ
တစ်ကယ်စိတ်ပျက်တယဂျွန်ဂျောင်ကု"

"အဖေ!!"

ဂျောင်ကု သူ့အဖေ၏စကားကိုကြားပြီး..
မျက်နှာ တစ်လုံးနီရဲကာအံကြိတ်ထားပြီး
ဒေါသထွက်ကာပြန်အော်လိုက်သည်။

ဂျီမင်သည်ထိုင်နေရာမှထလာကာ...
ဂျောင်ကုလက်ကိုစွဲလိုက်ပြီး..
ဂျောင်ကု၏အဖေကိုဂါရဝပြုလိုက်သည်။

"ကျွန်တော်က Park groupရဲ့ သားပါ
လမ်းပေါ်ကဖြစ်ချင်တိုင်းဖြစ်လာတဲ့သူ
မဟုတ်ပါဘူး...ကျွန်တော်လည်းမမျှော်လင့်ဘဲ
သားကိုရခဲ့တာမို့..ရှက်လည်းရှက်တာနဲ့
ကျွန်တော်တို့ကြားကအဆင်မပြေတာ
တွေကြောင့်ပါ..အမေရိကားမှာမွေးခဲ့တာပါ..
ပြီးတော့ဂျောင်ကုဟျောင်း ကကျွန်တော်တောင်းတိုမှုကြောင့်
အဖေနဲ့အမေ တို့ကိုမပြောခဲ့တာ..
အကုန်ကျွန်တော့်အမှားပါ သူ့အမှားမဟုတ်ပါဘူး"

"ဒါဆို မင်းကPark groupရဲ့သားပေါ့..
ဒီကိစ္စကိုမင်းအဖေနဲ့အမေရောသိပြီးပြီလား"

"ဟင့်အင်း..ကျွန်တော်မပြောရသေးပါဘူး..
ကျွန်တော့်တို့ကိုခွင့်လွှတ်ပေးပါ..
ခုနကဂျောင်ကုဟျောင်းအော်လိုက်မိတဲ့
အတွက်လည်းတောင်းပန်ပါတယ်..
ကျွန်တော်ဟျောင်းကိုတကယ်ချစ်တာပါ
သစ္စာရှိရှိပေါင်းသင်းမှာပါ..နောက်ထပ်
ကလေးတွေလည်းအများကြီးမွေးပေးပါ့မယ်..
ကျွန်တော်တို့ကိုသဘောတူပေးပါ..
မတူလို့လည်းမရပါဘူး...သဘောမတူရင်
ကျွန်တော် ဂျွန်ဂျောင်ကုကိုတရားစွဲပါမယ်
ဒါကယောကျာ်းလေးတစ်ယောက်
ကျူးလွန်ထားတဲ့အပြစ်ပါ..ပြီးတော့ကလေး
တစ်ယောက်ပါရှိသေးတယ်..အန်ကယ်
သဘောမတူတာနဲ့ကျွန်တော့်ကိုတာဝန်မယူဘူးလို့သတ်မှတ်လိုက်မှာပါ..အဲ့ဒီအခါကြရင်
အန်ကယ်သားက အနည်းဆုံး ၃နှစ်၅နှစ်လောက်ကအသာလေးပဲ..
ဒါတောင်ကျွန်တော်မှန်းပြောတာပါ..
ကျွန်တော်မင်္ဂလာပွဲအကြီးကြီးမလုပ်ချင်ပါဘူး..
လက်ထပ်စာချုပ်မှာလက်မှတ်ထိုးတဲ့
ထိလောက်ဆိုရင်ရပါပြီ"

"ရင်ခုန်သံနှောင်ကြိုး"[Completed]Where stories live. Discover now