ညစာပြင်ပြီးသည့်အချိန်ထိ..
အိမ်အပေါ်ထပ်ကမဆင်းလာသေးသည့်
ဂျီမင်က..အခုထက်ထိမနိုးသေးတာဖြစ်လိမ့်မယ်။
ညကြရင်မျက်စိတွေကြောင်နေတော့မှာပဲ..
ဟုဂျောင်ကုတွေးပူကာ..
ဂျီမင်ကိုနှိုးရန် အိမ်ပေါ်သို့တက်လာခဲ့သည်။အိပ်ယာပေါ်တွင်..အိပ်နေသည့်ဂျီမင်ရဲ့ပုံစံ
ကြောင့်ဂျောင်ကုတစ်ယောက်မရယ်ဘဲ
မနေနိုင်ဖြစ်တော့သည်။
ခေါင်းရင်းတွင်ခြေထောက်ရောက်နေပြီး..
ခြေရင်းသို့ခေါင်းထားပြီး..
ခြေးကားယား..လက်ကားယားဖြင့်မှောက်ခုံ
အိပ်ပျော်နေသည်။
ပါးတစ်ဖက်ကအိပ်ယာကိုဖိထားသည့်မို့..
နှုတ်ခမ်းနီနီတို့က..ဆူကာထွက်နေပြီး
ကျန်သည့်ပါးတစ်ဖက်ကလည်း..
ဖြူနုကာဖောင်းဖောင်းလေးဖြစ်နေသည်။မှောက်ခုံအိပ်ပျော်နေသည့်ဂျီမင်းအား..
ချိုင်းကနေမကာ..ပက်လက်လှန်ပေးလိုက်တော့
အင်း..အဲဖြင့်ညည်းညူကာ..
ဂျောင်ကုလက်ဖဝါးအား ပါးအပ်ကာဖိအိပ်ပြန်သည်။"ဂျီမင်..ထတော့..မိုးချုပ် တော့မယ်.."
"အင်း.."
အခုထက်ထိမနိုးတနိုးဖြစ်နေသေးသည့်..
ဂျီမင်အား..ဂျောင်ကုအသဲယားကာ..
ပါးဖောင်းဖောင်းလေး အားခပ်ဖွဖွဆွဲပြီး
ပြောသည်။"မင်...မင်လေး..ထတော့..ကိုယ့်ကလေးလေး
ထတော့""အင်း..ထချင်သေးဘူး"
မျက်မှောင်ကျုံကာ.. အကြောဆန့်ပြီး
ဂျောင်ကုပေါင်ပေါ်ခန္ဓာကိုယ်လှိမ့်ကာတက်ပြီး..
ခါးကိုဖက်ကာပြန်အိပ်နေသည်။"လိမ္မာတယ် ထတော့..ညစာစားမယ်..
ကဲ..ထပါမင်ရယ်"ထိုသို့ပြောမှ..ဂျီမင်
ထထိုင်လိုက်သည် ။
ပေါင်ကအတော်နာနေပြီး..
ထိုင်ရတာမသက်မသာ..ဖြစ်သွားတာကြောင့်
မျက်နှာကြီးရှုံ့တွကာ..
အသံထွက်အော်မိသည်။"အား..နာလိုက်တာ "
"ဘယ်နားကနာတာလဲ"
ပေါင်ထိပ်အား..ကိုင်ကာထအော်သည့်.
ဂျီမင်ကြောင့်ဂျောင်ကုစိုးရိမ်သွားသည်။"ဘယ်နားကနာရမှာလဲ..ပေါင်ကြောတွေ
နာလိုက်တာ..ထိုင်လည်းနာတယ်"
YOU ARE READING
"ရင်ခုန်သံနှောင်ကြိုး"[Completed]
Fiksi Penggemarအချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တောင် ရင်နာနာနဲ့ဆက်ချစ်နေခဲ့တဲ့အချစ်ရူးတစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တော...