Jungkook ကjimin ကလေးကိုချီပြီး
ထွက်သွားပြီးကတည်းက တစ်မနက်လုံး
ဂျီမင်တို့အား
လိုက်ရှာနေခဲ့သည်။တောက်စ် ပတ်ဂျီမင်..
ဂျောင်ကုဒေါသကြီးစွာ ကြိမ်းဝါးလိုက်သည်။သူတကယ် ဂျီမင်ကိုဒေါသထွက်မိသည်။
ဘာလို့ကလေးကို ခေါ်ပြီးထွက်ပြေးရတာလဲ..
ကလေးကလနုနုလေးရှိသေးတယ်
တကယ်လို့
တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။
သူထားခဲ့ပြီးမှ ဘာလို့ဒီလိုလုပ်ရပ်မျိုးလုပ်ရတာလဲ..။တစ်ဖက်မှာတော့ ကျန်တဲ့သူတွေနဲ့
ဖြစ်သမျှကိစ္စတွေကိုစိတ်မဝင်စားတော့ဘဲ။
ကလေးလေးကိုချီကာ ကုန်တိုက်သို့သွားကာ
လိုအပ်တဲ့ပစ္စည်းတွေဝယ်ပြီး ဂျောင်ကုပေးထားသည့် အပန်းဖြေစံအိမ်တွင်နေ
နေသည်။တစ်မနက်လုံးကလေးနှင့်ဆော့နေပြီး
ပုံပြင်တွေပြောပြလိုက် အရုပ်လေးပြကာ
ကလေးနှင့်ဆော့သည်။ကဗျာ လေးတွေ
ဖတ်ပြတော့ မျက်လုံးဝိုင်းဝိုင်းလေးငြိမ်ငြိမ်နားထောင်သည်။
ဒီမျက်လုံးလေးတွေက ဂျွန်ဂျောင်ကုနှင့်သိပ်တူတယ်။
ကလေးကငိုတာလည်း သိပ်မရှိပဲ လိမ္မာ
လှသည်။"မင်မင် ရေ သားနို့သောက်မလား"
နို့ဗူးလေးအား လှုပ်ပြတော့ လက်လေးဆန့်သာ
မမျက်နှာလေးရှုံပြသည်။"အယ်..သားသားရေ မငိုရဘူး..
ပါးပါးကတိုက်မှာပေါ့.."နို့တိုက်တော့အားရပါးရသောက်သည့်
ကလေးကိုကြည့်ကာ..ဂျီမင်ကြည်နူးနေမိသည်။"မင်မင်လေးက ချစ်စရာလေး.."
ထိုအချိန်... အိမ်ရှေ့ကတံခါးမှ တစ်ယောက်ယောက်တွန်းဖွင့်သကဲ့သို့
အသံကျယ်လောင် စွာ ပွင့်ထွက်လာသည်။
ဂျီမင်လည်း လန့်သွားတာကြောင့်
ကလေးအားကောက်ပွေ့လိုက်သည်။"ပတ်ဂျီမင်... "
"ဂျွန် ဂျွန်ဂျောင်ကု"
ဂျီမင်အလန့်တကြား ဖြစ်သွားပြီး..
လက်ထဲကကလေးအား လုယူသွားမည့်အလား တင်းကြပ်စွာပွေ့ဖက်ထားသည်။
ဟင့်အင်း မပေးလိုက်နိုင်ဘူး သားကိုမခွဲနိုင်ဘူး
မင်မင်လေးကိုအရမ်းချစ်တယ်။
ဂျွန်ဂျောင်ကု ကိုပြန်မပေးလိုက်နိုင်ဘူး..။
YOU ARE READING
"ရင်ခုန်သံနှောင်ကြိုး"[Completed]
Fanficအချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တောင် ရင်နာနာနဲ့ဆက်ချစ်နေခဲ့တဲ့အချစ်ရူးတစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တော...